ပလတ်စတစ် မနက်ဖြန်

ခုလောက်ဆို
ပန်းစည်းလေး ညှိုးခြောက်ရော့ပေါ့
သဘာဝ အစစ်မှာ
လစ်မစ် ရှိခဲ့လေသလား…။

 

သူ့ဆံစမှာ ရနံ့လှခဲ့
ပစ်ရန်ရွယ်ကိုး သူငြိုးထားလည်း
တစ်ပွင့် ပွင့် စီ၊ ခြယ်သ ညီသည်
သူ့ဆံပင်မှာ နှင်းဆီ လွင့်လွင့်။

 

သို့ပါသော်လင့်..
ခွင့်မြွတ်ခြွေကြား သူ့နှုတ်ဖျားက
ခြောက်ခြားစေ… စုန်း
“
နင့်… ငါ မုန်းတယ်” တဲ့။

 

မနက်ဖြန်တွေဟာ
ပန်းတွေပွင့်နေတတ်ပါသလား…။
ဖြစ်နိုင်ရင် ကျနော့်အတွက်
ပလတ်စတစ် ပန်းတစ်စည်းလောက်
ချန်ထားပေးပါ။

မမွှေးရင်တောင်…
ကြွေ မကျတော့ဘူးပေါ့။

 

သူ မရတ်

 

You can treat me a cup of coffee.

wave

Press ESC to close