မျက်ရည်ယိုဗုံး၊ အသံဗုံးတို့ကို လေယာဉ်နဲ့ ပစ်ချလို့ ရသလား...?

မျက်ရည်ယိုဗုံး၊ အသံဗုံးတို့ကို လေယာဉ်နဲ့ ပစ်ချလို့ ရသလား...?
အဖြေကတော့ ရှင်းပါတယ်။ မရပါ။
ပြီးခဲ့တဲ့ရက် ရန်ကုန် မြောက်ဥက္ကလာမှာ လူ ၆ ဦးကျော် ပစ်သတ်ခံခဲ့ရစဉ်နေ့လယ်ပိုင်းက အွန်လိုင်းပေါ်မှာ တောက်လျှောက်တက်လာတဲ့ သတင်းက ဝေဟင်ပေါ်ကနေ မျက်ရည်ယိုဗုံး၊ အသံဗုံးတွေ ပစ်ချတယ်ဆိုတာပါပဲ။
မရပါ။ အသံဗုံးတို့၊ မျက်ရည်ယိုဗုံးတို့ဆိုတာ ပစ်ဖောက်လိုက်ပြီး ၄ စက္ကန့်လောက်အတွင်းမှာ ပေါက်ကွဲတာ ဖြစ်ပါတယ်။ မျက်ရည်ယိုဗုံးမှာ ဓာတ်ငွေ့ (အစိုင်အခဲ) ပါတဲ့အတွက် ဝေဟင်ပေါ်က ပစ်ချမယ်ဆိုရင် လေထဲမှာတင် အငွေ့ပျယ်တာမျိုး၊ အသံပျောက်သွားတာမျိုး ဖြစ်သွားပါလိမ့်မယ်။
ဒုတိယတစ်ချက်ကတော့ ဝေဟင်ပေါ်က ပစ်မယ်ဆိုရင် စဉ်းစားကြည့်ပါ။ လေယာဉ်က သွားနေမယ်။ အဲ့ဒီအရှိန်နဲ့ လက်ပစ်ဗုံး ပစ်ချမယ်ဆိုရင်တောင် ပစ်ကွင်းကို ထိနိုင်ဖို့ လုံးဝ မလွယ်ပါ။ ဒါကြောင့် လေယာဉ်နဲ့ ပစ်ချတယ်ဆိုရင် လုံးဝ မယုံဖို့ လိုပါတယ်ခင်ဗျာ။
ဖြစ်နိုင်တာက အမြင့်တစ်နေရာရာကနေ ပစ်တာပဲ ဖြစ်နိုင်ပါတယ်။ ဥပမာ မြေနီကုန်းမှာဆိုရင် ခုံးတံတားပေါ်ကနေ ပစ်တာမျိုး။ ကျောက်မြောင်းမှာဆိုရင် အထပ်မြင့်တိုက်ခန်းပေါ်ကနေ ပစ်တာမျိုးပဲ ဖြစ်တတ်ပါတယ်။ ပြီးတော့ အသံးဗုံးတို့၊ မျက်ရည်ယိုဗုံးတို့ဟာ လေထဲကို အမြင့်ကြီးချိန်ပြီးမှ ပစ်ရတာမျိုးဖြစ်ပါတယ်။
ကမ္ဘာမှာလည်း မျက်ရည်ယိုဗုံးတို့၊ အသံဗုံးတို့ကို လေယာဉ်ပေါ်က ပစ်ချတဲ့ဖြစ်စဉ် မရှိဖူးသေးပါ။

You can treat me a cup of coffee.

wave

Press ESC to close