ယူအန်နဲ့ ဒေါက်တာ ဆာဆာ ကိစ္စ သတင်းအမှားပါ

ဂျနီဗာမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အမြဲတမ်းသံကိုယ်စားလှယ် ဦးမြင့်သူကို ဖြုတ်ပစ်ပြီး ချင်းပြည်နယ်က နာမည်ကြီးဆရာဝန် ဒေါက်တာ ဆာဆာကို ခန့်အပ်လိုက်တယ်ဆိုတာ သတင်းမှားသာ ဖြစ်ပါတယ်။
ဦးမြင့်သူရဲ့ ရာထူး မြန်မာနိုင်ငံဆိုင်ရာ ကုလ အမြဲတမ်းသံကိုယ်စားလှယ်နေရာဆိုတာ မြန်မာအစိုးရကသာ ခန့်အပ်လို့ရတဲ့ ရာထူးဖြစ်ပါတယ်။ မြန်မာအစိုးရက ဘယ်သူ့ကိုပဲ ခန့်ခန့် ကုလအနေနဲ့ လက်ခံရပါတယ်။ ငြင်းပယ်ခွင့်၊ ခန့်ပိုင်ခွင့်၊ ဖြုတ်ပိုင်ခွင့် မရှိပါ။
ဒေါက်တာ ဆာဆာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်မတန်နီးစပ်သူဖြစ်တာကြောင့် အာဏာလုစစ်ကောင်စီအနေနဲ့ ခုချိန်မှာ ဦးမြင့်သူနေရာမှာ အစားထိုးဖို့ဆိုတာ လုံးဝ မဟုတ်ပါ။
ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကုလမှာ ဦးမြင့်သူပြောသွားတဲ့ စကားအသွားအလာအရ အာဏာလုစစ်ကောင်စီကိုသာ ကာကွယ်ပြောဆိုသွားတာ တွေ့ရတဲ့အတွက် သူ့ကို အစားထိုးပစ်မယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါ။
အထူးသတိချပ်ရမှာက ယူအန်မှာရှိတဲ့ အမြဲတမ်းသံကိုယ်စားလှယ်နေရာကို ယူအန်က ခန့်ခွင့်၊​ ဖြုတ်ခွင့်၊ ငြင်းပယ်ခွင့်မရှိပါ။ ဒီကိုယ်စားလှယ်ခန့်ခွင့်၊ ဖြုတ်ခွင့်ကို မြန်မာအစိုးရကသာ လုပ်ဆောင်နိုင်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close