လူ ၁၂၀၀ ကျော်ကို ပြန်ခေါ်ရန် မြန်မာစစ်သင်္ဘောများ မလေးရေပိုင်နက်တွင် ရောက်နေ

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံရေးခိုလှုံခွင့်တောင်းထားသူများအပါအဝင် မြန်မာနိုင်ငံသား ၁၂၀၀ ကျော်ကို ပြန်ခေါ်ရန် မြန်မာစစ်သင်္ဘောများ မလေးရှားနိုင်ငံရေပိုင်နက်အတွင်းသို့ ရောက်ရှိနေပြီဟု စင်ကာပူနိုင်ငံအခြေစိုက် ချန်နယ်နယူးစ်အေးရှား (CNA) က ရေးသားလိုက်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောဆိုချက်အရ အနည်းဆုံး လူ ၆ ဦးကျော်ဟာ မြန်မာကို ပြန်လိုက်ဖို့အတွက် စာရင်းပေးသွင်းထားပြီး လူပေါင်း ၁၂၀၀ ကျော်လောက် ပြန်လည်လိုက်ပါနိုင်တယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကိုတော့ မြန်မာကို ပြန်မပို့နိုင်ဘူးလို့ ပြောထားကြောင်းလည်း သိရပါတယ်။​ ဒါကြောင့် ခု မလေးရှားက ပြန်လာမယ့်လူတွေဟာ ဘယ်လိုပုဂ္ဂိုလ်တွေ ဖြစ်မလဲဆိုတာတော့ မသိနိုင်သေးပါ။
လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီလို ပြန်ပို့တာဟာ အန္တရယ်ရှိနိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close