လက်သုံးချောင်းနဲ့ MilkTea Alliance

 
လက်ရှိမြန်မာနိုင်ငံက ဆန္ဒပြပွဲတွေမှာ လက်သုံးချောင်းထောင်ပြီး ဆန္ဒပြနေကြတာ တွေ့ရပါမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လက်သုံးချောင်းကို စုရွေးလွှတ်ဆိုတဲ့ စာမှာ သုံးထားတာ တွေ့ရပါတယ်။ အများစုကလည်း ဒီမိုကရေစီလိုလားခြင်းရဲ့ ပြယုဒ်တစ်ခုဖြစ်နဲ့ လက်သုံးချောင်း ထောင်ကြပါတယ်။
“Three Fingers Salute”
ဒါကို စတင်ခဲ့တာက Hunger Games ရုပ်ရှင်ကပါ။ အဲ့ဒီနောက် ဟောင်ကောင်က ဆယ်လီဘရစ်တီ Gregory Wong က စပြီး သုံးခဲ့ပါတယ်။ သူဟာ ဒီမိုကရေစီလိုလားသူတွေကို ထောက်ခံတဲ့ ရှားရှားပါးပါး ဟောင်ကောင် ဆယ်လီတဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Gregory Wong ရဲ့ လက်သုံးချောင်းဟာ ဟောင်ကောင်မှာ နာမည်မကြီးဘဲ ထိုင်းမှာသွားပြီး နာမည်ကြီးခဲ့တာပါ။
အဲ့ဒီနောက် ထိုင်ဝမ်ကလည်း ဒီလက်သုံးချောင်းကို အသုံးပြုပြီး ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ခဲ့တာပါ။ ပြောရရင် လက်သုံးချောင်းရဲ့ အဓိက ပစ်မှတ်က စိန-ဆန့်ကျင်ရေးပါပဲ။ ဟောင်ကောင်၊ ထိုင်ဝမ် စတဲ့နိုင်ငံတွေမှာ စိနရဲ့ အာဏာဖြန့်ကျက်မှုကို ဆန့်ကျင်မှု ပြယုဒ်ပဲ ဖြစ်ပါတယ်။
ဒါကို ထိုင်း စစ်အစိုးရ ပရာယွတ်ကို ဆန္ဒပြကြတာမှာ အသုံးပြုကြရင်းနဲ့ နောက်ပိုင်းမှာတော့ ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ် သုံးနိုင်ငံပေါင်းပြီး လက်သုံးချောင်းထောင်တဲ့ MilkTea Alliance ဆိုပြီး ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ခုဆို မြန်မာ အာဏာလုစစ်ကောင်စီကို ဆန့်ကျင်ရာမှာလည်း အသုံးပြုလာကြပြီပေါ့။
လာမယ့် ၂၈၊ တနင်္ဂနွေနေ့မှာ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်းနဲ့ မြန်မာတို့ ပေါင်းပြီး ဒီ MilkTea Alliance ကို တပြိုင်နက်တည်း ပြုလုပ်ကြတော့မှာပဲ ဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ တရက်တည်းမှာ နိုင်ငံ ၄ နိုင်ငံလောက်ပေါင်းပြီး လက်သုံးချောင်းထောင်၊ အာဏာရှင်ကို ဆန့်ကျင်ကြမှာပါ။ ကမ္ဘာမှာ အကြီးဆုံး နယ်စည်းမထား အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲကြီး ဖြစ်လာတော့မှာပါပဲ။

You can treat me a cup of coffee.

wave

Press ESC to close