• Aug 26, 2022
အာဏာရှင် လက်ထက် Facebook ဘယ်လိုသုံးမလဲ

ခု နောက်ပိုင်းဆိုရင် စာရေး၊ ပုံတင်ပြီးကြွယ်တာ မဟုတ်ဘဲ နိုင်ငံရေးဆယ်လီတွေနဲ့ သတင်းဌာနတွေအောက် ကွန်မင့် သွားပေးရင် အဲ့ဒီကွန်မင့်ကို စခရင်ရှော့တင်တဲ့အဆင့်ထိ ရောက်လာပြီ ဖြစ်ပါတယ်။

  • Aug 24, 2022
Facebook Content နဲ့ ရွာက အမျိုးတွေ

တော်လှန်ရေးစာမျက်နှာတွေနဲ့ Click Page တွေ ညည်းညူကြတာ တွေ့လို့ပါ။

  • Aug 05, 2022
ဂျပန်သွားမယ့် လူအုပ်ကြီး ဘာလို့ ဝရုန်းသုန်းကား ဖြစ်ရတာလဲ

နဂိုက ၅ ရက်နေ့မှာ ရောင်းမယ်လို့ ဆိုပေမယ့် ၃ ရက်နေ့မှာ ဝင်ခွင့်လျှောက်လွှာတွေကို အေဂျင်စီတွေကို ရောင်းလိုက်ပါတယ်။ လျှောက်လွှာ ဘယ်နှစ်စောင် ရောင်းလိုက်သလဲဆိုတာ တရားဝင် မကြေညာပါ။

  • Aug 03, 2022
ဘာသာရေး အရှုပ်တော်ပုံနဲ့ ရှင်ဇိုအာဘေး လုပ်ကြံခံရမှု

သေနတ်နဲ့ ပစ်သတ်ခဲ့သူ ‘တက်ဆုယ ယာမဂါ့မိ’ ဟာ အာဘေးရဲ့ နိုင်ငံရေးရပ်တည်ချက်ကို မကြိုက်လို့ မဟုတ်သလို ငွေပေးစေခိုင်းလို့ လုပ်ကြံခဲ့တာလည်း မဟုတ်ပါ။ ဆိုရရင် ကိုးကွယ်ရာ ခရစ်ယာန် ဘုရားကျောင်း လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲမွဲတေမှု ဖိအားကနေ ကမ္ဘာသိ အထင်ကရ နိုင်ငံရေးသမား၊ ဝန်ကြီးချုပ်ဟောင်းကို သတ်ပစ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။

  • Jul 19, 2022
ဦးညွတ်ရမယ့် အာဏာဖီဆန်သူ တက္ကသိုလ်ကျောင်းသားများ

တိုက်ပွဲတွေ နိုင်ငံအနှံ့ဖြစ်နေချိန် ဖြစ်လို့ ပြည်သူအများစုဟာ တိုက်ပွဲတွေကို အာရုံစိုက်ကြတာ ဖြစ်ပေမယ့် ဒီနေ့ထိ ကြံ့ကြံ့ခံပြီး ကျောင်းပြန်မသွားကြဘဲ တော်လှန်ရေးမှာ ရရာနေရာက ကူညီနေတဲ့ ကျောင်းသားကျောင်းသူတွေကို မေ့မထားသင့်ကြောင်းပါ။

  • Jul 14, 2022
အတွေးအခေါ်တော်လှန်ရေး ယထာဘူတ ကျသလား

စစ်တပ်ပြိုကွဲရေး၊ တော်လှန်ရေးအောင်မြင်ရေးထက် မီးပြတ်တာဟာ ဒုက္ခဖြစ်လာပါတယ်။ ရေမလာတာက ကျန်တာတွေထက် ပိုပြီး လက်တွေ့ကျတဲ့ ဝဋ်နာကံနာဖြစ်လာပါတယ်။ ဆိုရရင် လူတွေဟာ တွေးခေါ်နိုင်ချိန် မရှိတော့ပါဘူး။ အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ဖလှယ်နိုင်ဖို့၊ ဆန်းစစ်တွေးတောဖို့ ခေါင်း မအားတော့ပါဘူး။

  • Jul 04, 2022
Hell Fire ဒဲရစ်မေလာ

လူပုံက တော်တော်ပိန်တယ် ဆိုရမယ်။ ဆံပင်က ကပ်ကပ်၊ ကျိုးတို့ကျဲတဲ။ အင်္ကျီက အိမ်နေရင်း ခပ်နွမ်းနွမ်း။ အပေါ်ကြယ်သီး သုံးလေးလုံးလောက် ဖွင့်ထားတယ်။ စကားပြောနေတုန်းပဲ စားပွဲခုံပေါ်က ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး နှုတ်ခမ်းမွေးခပ်ရေးရေးပေါ် တင်ကျန်ခဲ့တဲ့ ရေစက်တွေကို လျှာနဲ့ သိမ်းလိုက်တယ်။

  • Jun 30, 2022
အလှူငွေ မရခြင်းနဲ့ မြေပြင်က အဖွဲ့ခွဲများရဲ့ အလားအလာ

မြေပြင်မှာ ရှိတဲ့အဖွဲ့တွေတောင် ခွဲခြားဖို့ ခက်လာရင် ထောက်ပို့လုပ်နေတဲ့ အဖွဲ့တွေကို ပိုဆိုးပါမယ်။ တလောက ထောက်ပို့လုပ်နေသူတစ်ဦးနဲ့ စကားပြောတော့ မကြားဖူးတဲ့ အဖွဲ့တွေ တော်တော်များများ တွေ့လာရတယ်ဆိုတယ်။ တချို့အဖွဲ့တွေဆိုရင် အသံဗုံးဖောက်ပြ၊ သတင်းမှာ ပါအောင်လုပ်၊ အဲ့ဒီသတင်းကိုပြပြီး အလှူလာခံတာမျိုးတွေလည်း တွေ့လာရတယ်လို့ဆိုတယ်။

  • Jun 27, 2022
ဘဝမှာ...

လူ အရှင်လတ်လတ်ကို နောက်ပြန်ကြိုးတုပ်၊ နောက်စေ့ကို ပုဆိန်နဲ့ ထု၊ စကားတစ်စွန်းတစ်စပြောပြီး မသေမရှင်ဖြစ်နေချိန်မှာ ခေါင်းကို ခုတ်ထစ် ပိုင်းလိုက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

  • Jun 01, 2022
ရွှေချတဲ့ မုဒ်ဦးကြီးနဲ့ ကျောင်းက ယင်လုံအိမ်သာ

စာသင်ကျောင်းရဲ့ အကျိုးကျေးဇူးနဲ့ အသက်ရှင်ရပ်တည်ခဲ့ကြသူတွေမဟုတ်တော့ စာသင်ကျောင်းကို ပြန်မကြည့်တာ အထူးအဆန်းတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် နိုင်ငံအနှံ့ ချမ်းသာသူတွေ၊ လှူဒါန်းနေကြသူတွေကို ကြည့်လိုက်ရင် ဒီလူတွေဟာ ဘာနဲ့ ချမ်းသာလာသလဲဆိုတာ မြင်သာနိုင်ပါတယ်။ ပညာနဲ့လား၊ သမ္မာအာဇီဝ လား...?