ရေစကြို တိုက်ပွဲနှစ်ခုတွင် ဒေသခံ တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး
ယခု တိုက်ပွဲနှစ်ခုတွင် ၆၀ မမ နှင့် ၄၀ မမ တို့ဖြင့် (၁၅) ချက်ခန့်ဖြင့်ပစ်ခတ်ခဲ့ပြီး စနိုက်ပါများလည်း အသုံးပြုခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ရေးသားထားသည်။
ရန်ကုန်တိုင်း ရွေးကော် ဥက္ကဋ္ဌများကို တရားစွဲရန် အတွင်းရေးမှူးများကို စစ်ကောင်စီ ဖိအားပေး
၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ၉၅ ဦးရှိပြီး ၎င်းတို့လက်အောက်တွင် အတွင်းရေးမှူး ၈၈ ဦးရှိသည်။
ပိတ်သိမ်းထားသည့် ရုပ်သံ မီဒီယာများကို ဟိုတယ်နှင့် တည်းခိုခန်းများတွင် မပြသရန် စစ်ကောင်စီကြိုးပမ်း
တရားမဝင် ဂြိုလ်တုရုပ်မြင်သံကြားဖမ်းစက်များ လက်ဝယ်ထားရှိပါက ယခုထုတ်ပြန်လိုက်သည့် အမိန့်စာ ရရှိပြီး ရက် ၃၀ အတွင်း သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အပ်နှံရမည် ဟုဆိုသည်။
တပ်မ ၅၅ နှင့် ၄၄ ယာဉ်တန်း ရခိုင် တောင်ကုတ်လမ်းတွင် ကားမှောက်၊ အနည်းဆုံး စစ်သား ၂၀ ကျော် ဆေးရုံရောက်
"သူတို့က ရှေ့တန်း ပြန်ဝင်လာတာ" ဟု သတင်းရင်းမြစ်က ဆိုပြီး "တပ်ရင်းမှူး တစ်ယောက်လည်း ဒဏ်ရာရတဲ့အထဲ ပါတယ်၊ အသေအပျောက်တော့ မရှိဘူး" ဟု ထပ်လောင်းပြောသည်။
တပ်မ ၅၅ နှင့် ၄၄ စစ်သားများပါသည့် ယာဉ်အစီးရေ ၃၀ ကျော် ရခိုင်မှ ပြည်ဘက်သို့ ဆင်းလာနေ
တပ်မ ၅၅ မှာ ၂၀၂၀ ဖေဖော်ဝါရီက အေအေနှင့် မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အများဆုံးပါဝင်ခဲ့သည့် တပ်မတစ်ခု ဖြစ်သည်။
စစ်ကောင်စီ ဟိုတယ်ခရီးဝန်ကြီး ယာဉ်တန်း ချောင်းသာမှ အပြန် တိုက်ခိုက်ခံရ
"အခု အခြေအနေက ဟိုကောင်တွေ (စစ်ကောင်စီ စစ်သား) က တောနင်းရှာနေတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
‘အန်ယူဂျီ သတ်မည့်လူစာရင်း’ ဟုဆိုကာ အနုပညာရှင်အချို့ထံ စစ်ကောင်စီက စာပို့
ယခု အနုပညာရှင်များထံ ပို့သည့်စာမှာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးအောင်နိုင်ဦး၏ သံအမတ်တစ်ဦးထံ နိုဝင်ဘာ ၈ က ပေးပို့သည့် ‘သတ်ဖြတ်မည့်စာရင်း’ အကြောင်း ထွက်ပေါ်လာပြီးချိန်လည်း ဖြစ်သည်။
ငြိမ်းချမ်းရေး ပွဲစားများက သံတမန်တစ်ဦးထံ အကူညီတောင်းသည့်စာ ပေါက်ကြားလာ
ပေါက်ကြားလာသည့် စာအပြည့်အစုံကို သတင်းအဆုံးတွင် ဖတ်နိုင်သည်
ရန်ကုန်ရှိ ဦးကျော်မိုးထွန်း ဖခင်၏ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်
ပြီးခဲ့သည့် နှစ်လခန့်က ယခုချိတ်ပိတ်သွားသည့် အိမ်ရှေ့သို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်၍ ဓာတ်ပုံရိုက်ယူခဲ့ဖူးပြီး ယမန်နေ့ နေ့လယ်တွင်မှ ချိတ်ပိတ်သွားခြင်း ဖြစ်သည်။
အန်ဂျီအို ဝန်ထမ်း ၂၃၀ ကျော်ကို အလုပ်မှ ရပ်နားကြောင်း စစ်ကောင်စီ အမိန့်ထုတ်
ရရှိထားသည့် စာရွက်စာတမ်းများအရ ဒုတိယညွှန်ကြားရေးမှူးချုပ်များအားလုံး၊ တိုင်းနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဌာနမှူးများအားလုံးနှင့် ညွှန်ကြားရေးမှူးများ အားလုံးထံ လိပ်မူပြီး “ပျက်ကွက်သူများ အားလုံး (Work from home အပါအဝင်) တာဝန်မှ ရပ်စဲကြောင်း” ဟု စက်တင်ဘာ ၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် ပါရှိသည်။