• Mar 25, 2021
ကျနော်တို့ အားနာခဲ့ကြတယ်

ကျနော်တို့ သတင်းသမား အလုပ်ဟာ ရပ်တည်ချက်ကို ရင်းပြီးလုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကိုမှ တောင့်မခံနိုင်ရင် တောင့်မခံခဲ့ကြရင် ဒီလူတွေကပဲ ဒီလောကကို ပြန် ဒုက္ခပေးမှာ ဖြစ်ပါတယ်။

  • Mar 23, 2021
မီဒီယာ ရှင်းတမ်း

သိတဲ့အတိုင်း သတင်းသမားအလုပ်ဟာ ရရစားစား အလုပ်ပါ။ ချစ်လို့လုပ်နေကြသူတွေ များပါတယ်။ ရိုင်းရိုင်းဆိုရရင် သတင်းရေးနေသမျှ ငါ မငတ်သေးဘူးလို့ တွေးကြသူတွေဆိုရင် ပိုမှန်မယ်ထင်ပါတယ်။

  • Mar 21, 2021
တိုင်းရင်းသားတပ်တွေ ဝင်ပါဖို့ ဘာလိုနေတာလဲ

နိုင်ငံတကာရဲ့ ပံ့ပိုးမှု မရဘူးဆိုရင်တော့ နည်းနည်း နှောင့်နှေးကြန့်ကြာနိုင်တဲ့အပိုင်းတော့ တွက်လို့ရပါတယ်။

  • Mar 13, 2021
သတင်းမှား နဲ့ တကိုယ်ရေ အာသာပြေမှု

ဖတ်ရန် ကြာချိန် ၅ မိနစ် - မြေပြင်မှာ တိုက်ပွဲဝင်နေသူ လူငယ်များ အချိန်ကုန်ခံ ဖတ်ရန်မလိုပါခင်ဗျာ။

  • Feb 26, 2021
လက်သုံးချောင်းနဲ့ MilkTea Alliance

ဒါကို စတင်ခဲ့တာက Hunger Games ရုပ်ရှင်ကပါ။ အဲ့ဒီနောက် ဟောင်ကောင်က ဆယ်လီဘရစ်တီ Gregory Wong က စပြီး သုံးခဲ့ပါတယ်။

  • Feb 22, 2021
ရခိုင်မှာ စစ်ကောင်စီဆန္ဒထုတ်ဖော်ပွဲတွေ ဘာကြောင့် မရှိတာလဲ

တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ကြီးတွေမှာ ဆန္ဒထုတ်ဖော်မှုတွေ လုပ်နေကြပေမယ့် ရခိုင်ပြည်နယ်မှာတော့ အာဏာလုစစ်ကောင်စီကို ဆန့်ကျင်ပွဲတွေ ဒီနေ့အတွက် သိပ်မရှိတာ တွေ့ရပါတယ်။ ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေရှိနေတဲ့ကြားက ဆန္ဒထုတ်ဖော်ပွဲတွေ ရှိခဲ့တာကတော့ ရခိုင်ပြည်နယ် တောင်ဘက်စွန်း၊ ဧရာဝတီတိုင်းနဲ့ နယ်စပ်မြို့ဖြစ်တဲ့ ဂွမြို့နယ်မှာပဲ ရှိခဲ့ပါတယ်။

  • Feb 21, 2021
CRPH ဘာလုပ်မှာလဲ...?

လက်ရှိမှာ CRPH ဟာ လူထုက လက်ခံထားတဲ့ တခုတည်းသော လုပ်ပိုင်ခွင့်ရ အဖွဲ့အစည်းဖြစ်ပါတယ်။ CRPH အဖွဲ့ဝင်တွေကို ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် ရှောင်ပုန်းနေရတယ်လို့လည်း နားလည်သိရှိထားပါတယ်။ ဒါပေမယ့် CRPH ဟာ လမ်းပေါ်ထွက်လာစရာ မလိုပါဘူး။

  • Feb 11, 2021
ဘာကြောင့် CDM လိုအပ်သလဲ

MRTV ထဲ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေရှိပါတယ်။ ခုရေးတာကို သူတို့နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။

  • Dec 22, 2020
Facebook နိုင်ငံရေးသမားနဲ့ ဒီဘိတ်ယဉ်ကျေးမှု

လူရှေ့၊ သူရှေ့၊ ‘မင်းရဲ့ မူဝါဒကဘာလဲ၊ ငါ့မူဝါဒက ဘာလဲ’ ဆိုတာကို မီဒီယာမှာ ယှဉ်ပြီးပြောရဲတဲ့ နိုင်ငံရေးသမား မြန်မာနိုင်ငံမှာ မထွန်းကားသေးပါဘူး။ ဒါပေမယ့် ဖေ့စ်ဘွတ်ပေါ်မှာ အစိုးရလုပ်၊ ဖေ့စ်ဘွတ်ပေါ်မှာ အတိုက်အခံလုပ်၊ ဖေ့စ်ဘွတ်ပေါ်မှာ နင်ပဲငဆပြော၊ ရိပြော၊ ရွဲ့ပြော၊ စောင်းပြော၊ တရားတွေအပြန်အလှန်ဟောတဲ့ မဟာယဉ်ကျေးမှုကြီးကတော့ နေလိုလလို ထွန်းပြောင်နေတာ မြင်နေရတော့တာပါပဲ။

  • Dec 15, 2020
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဘယ်သူဖြစ်မလဲ..?

ရခိုင်လူထုဟာ ဗဟိုက ချုပ်ကိုင်တဲ့ (တနည်း) NLD က ကြိုးကိုင်ချယ်လှယ်မယ့် ဝန်ကြီးချုပ်မျိုးကို မလိုလားဘူးဆိုတာပါပဲ။ ဒါဆိုရင် ရခိုင်လူထုက ရွေးချယ်ထားတဲ့ ဝန်ကြီးချုပ်ရှိသလား။ ရခိုင်လူထုက ထောက်ခံတဲ့ ဝန်ကြီးချုပ်ဖြစ်နိုင်မယ့်ပုဂ္ဂိုလ်ရှိပါသလား။ ဒါကို အရင်ဆုံး မေးရပါမယ်။ ကျနော့်အမြင်တော့ ဝန်ကြီးချုပ်ရာထူးအတွက် ရခိုင်လူထုက ဖြစ်စေချင်တယ်ဆိုတဲ့ လူပုဂ္ဂိုလ် မမြင်မိသေးပါ။