မကွေး ပခုက္ကူ၊ မြန်မာငွေစက္ကူများ ထုတ်ရာ ဝါဇီစက်ရုံတွင် တာဝန်ထမ်းဆောင်နေသူ ၂၆ ဦး ကိုဗစ်ပိုးတွေ့ထားသည်ဟု သတင်းပေးလာသည်။
ဝါဇီစက်ရုံတွင် ဝန်ထမ်းအမျိုးသမီး အနည်းငယ်မှလွဲ၍ အားလုံးနီးပါးမှာ အရပ်သားမရှိဘဲ စစ်တပ်မှ စစ်သားများသာ ရှိပြီး ယခု ကိုဗစ်ပိုးတွေ့ရှိထားသူအားလုံးမှာလည်း စစ်သားများ ဖြစ်သည်။
ဝန်ထမ်းအင်အား ထောင်ကျော်ရှိတဲ့အထဲက ၂၆ ဦး ကိုဗစ်တွေ့ထားတာ ဖြစ်ပြီး ပိုးတွေ့ထားသူတွေ အားလုံးကိုတော့ တပ်တွင်းဆေးရုံမှာပဲ ကုသနေတယ်လို့ သိရပါတယ်။
ကိုဗစ်ပိုးတွေ့ထားသူများကို တိုက် နံပါတ် ၆၂၊ တပ်တွင်း အထက်တန်းကျောင်း၊ အနုပညာခန်းမ၊ ဓမ္မဗိမာန်တို့မှာ ကွာရန်တင်း ထားရှိပါတယ်။