❝သူ့ မိဘတွေကတော့ သူ အသက်ရှိနေမယ် ထင်တုန်းပေါ့❞
လာမည့် ဇွန် ၁ တွင် ၂၃ နှစ် ပြည့်မည့် မအေးနန္ဒာစိုးမှာ ဖမ်းဆီးခံရစဉ်က ၂၁ နှစ်ဖြစ်သည်။ မန္တလေးနန်းတွင်း စစ်ကြောရေးတွင်ရှိနေခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့များက မအေးနန္ဒာစိုးကို အဓမ္မကျင့်ခဲ့ပြီး သတ်ပစ်လိုက်ပြီဟူ၍လည်း သမဂ္ဂအဖွဲ့ဝင်များက သတင်းကြားခဲ့ရပြန်သည်။
ပရဟိတသမား မူးယစ်ကုန်သည်များ
ကျပ်ဘီလျံ ၄၀ ကျော်ဖိုး မူးယစ်ဆေးနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပေမယ့် အများစုကတော့ ခုချိန်ထိ အကျိုးတော်ဆောင်ကြီးအဖြစ် မြင်ကြတုန်းပါပဲ။
NUG စုံစမ်းရေး၊ ကိုခန့်သူနှင့် ထိုင်းဘတ် သိန်းရာချီ ပျောက်ဆုံးမှု
စာရင်းဇယား မှတ်တမ်း မရှိသည့် ကျပ်သိန်းသောင်းချီမှာ ကျောင်းသားမိဘများ၏ ချွေးနှဲစာများဖြစ်သည်။ NUG ပညာရေးဝန်ကြီးဌာန၏ ကြားနာစစ်ဆေးမှုအောက်နှင့် ‘တော်လှန်ရေးအတွက်’ ဟု အမည်တပ်ထားသည့် ကိုခန့်သူ၏ တစ်ကိုယ်တော် စီမံခန့်ခွဲမှုအောက်တွင် လိပ်ခဲတည်းလည်း ရှုပ်ထွေးမှုကြီး ဖြစ်နေသည်။
"မောလို့ မြေကြီးပေါ် လှဲနေတုန်း သူ ကျမအပေါ်ကို တက်လာတယ်၊ အဓမ္မကျင့်ဖို့ ထပ်ကြံတယ်"
ရဲတပ်သားတစ်ဦးနှင့်အတူ အချုပ်ခန်းအတွင်းမှ ထွက်ပြေးလာသူ ထောက်ပို့ရဲဘော်အမျိုးသမီးငယ်တစ်ဦး၏ ခရီးကြမ်း
FOEIM တည်ထောင်သူနှင့် ငွေစာရင်းရှင်းတမ်း
ငွေစာရင်းရှင်းတမ်း မလုပ်ခဲ့ဖူးသော်လည်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာနှင့် အခြား အွန်လိုင်းစီးပွားရေး လုပ်ငန်းများကိုမူ တစတစနှင့် ပေါ်ပေါ်တင်တင် အရှိန်မြင့်လာခဲ့သည်ဟု တိုင်ကြားစာတွင် ဖတ်ရှုရသည်။
သီတဂူဆရာတော်၊ စပိန်မှာတည်မယ့် ဘုရားနဲ့ နောက်ကွယ်က ဖောင်ဒေးရှင်း
ဒီအဖွဲ့ဟာ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ကမ္ဘာ့အမြင့်ဆုံးအဖြစ် စံချိန်တင်မယ့် ဗုဒ္ဓဆင်းတုတစ်ဆူကို ဥရောပ၊ စပိန်မှာ ထုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
Facebook Content နဲ့ ရွာက အမျိုးတွေ
တော်လှန်ရေးစာမျက်နှာတွေနဲ့ Click Page တွေ ညည်းညူကြတာ တွေ့လို့ပါ။
ဂျပန်သွားမယ့် လူအုပ်ကြီး ဘာလို့ ဝရုန်းသုန်းကား ဖြစ်ရတာလဲ
နဂိုက ၅ ရက်နေ့မှာ ရောင်းမယ်လို့ ဆိုပေမယ့် ၃ ရက်နေ့မှာ ဝင်ခွင့်လျှောက်လွှာတွေကို အေဂျင်စီတွေကို ရောင်းလိုက်ပါတယ်။ လျှောက်လွှာ ဘယ်နှစ်စောင် ရောင်းလိုက်သလဲဆိုတာ တရားဝင် မကြေညာပါ။
ဘာသာရေး အရှုပ်တော်ပုံနဲ့ ရှင်ဇိုအာဘေး လုပ်ကြံခံရမှု
သေနတ်နဲ့ ပစ်သတ်ခဲ့သူ ‘တက်ဆုယ ယာမဂါ့မိ’ ဟာ အာဘေးရဲ့ နိုင်ငံရေးရပ်တည်ချက်ကို မကြိုက်လို့ မဟုတ်သလို ငွေပေးစေခိုင်းလို့ လုပ်ကြံခဲ့တာလည်း မဟုတ်ပါ။ ဆိုရရင် ကိုးကွယ်ရာ ခရစ်ယာန် ဘုရားကျောင်း လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲမွဲတေမှု ဖိအားကနေ ကမ္ဘာသိ အထင်ကရ နိုင်ငံရေးသမား၊ ဝန်ကြီးချုပ်ဟောင်းကို သတ်ပစ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။
Hell Fire ဒဲရစ်မေလာ
လူပုံက တော်တော်ပိန်တယ် ဆိုရမယ်။ ဆံပင်က ကပ်ကပ်၊ ကျိုးတို့ကျဲတဲ။ အင်္ကျီက အိမ်နေရင်း ခပ်နွမ်းနွမ်း။ အပေါ်ကြယ်သီး သုံးလေးလုံးလောက် ဖွင့်ထားတယ်။ စကားပြောနေတုန်းပဲ စားပွဲခုံပေါ်က ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး နှုတ်ခမ်းမွေးခပ်ရေးရေးပေါ် တင်ကျန်ခဲ့တဲ့ ရေစက်တွေကို လျှာနဲ့ သိမ်းလိုက်တယ်။