စစ်တပ် ဖွဲ့စည်းပုံနဲ့ စစ်ထွက်စာရင်း

မနေ့က တင်ခဲ့တဲ့ တမခ ၇၇ စစ်ထွက်ဇယားကြောင့် တပ်အသိုင်းအဝိုင်းမှာ တော်တော်ကို ဂယက်ရိုက်သွားတယ်လို့ သိရတယ်။ 

ဒီဇယားနဲ့ဆက်စပ်ပြီး စီဒီအမ်လုပ်နေသူ တပ်မတော်သား တစ်ဦးက ဆက်စပ်ပြောပြပါတယ်။ အောက်က စာတွေဟာ သူကိုယ်တိုင် ရေးထားတာတွေ ဖြစ်ပြီး စာလုံး အကျအပေါက်တွေကိုပဲ ပြန်ပြင်ထားပါတယ်။ 

ပြောရရင် ခြေလျင် (ခလရ) ခြေမြန် (ခမရ) တွေမှာ တမခ (တပ်မချုပ်) မှာ ပြထားတဲ့ စာရင်းရှိ အင်အားနဲ့ စစ်ထွက်အင်အားကလည်း တကယ်အပြင်မှာ လျော့နည်းနေပါသေးတယ်။

အကြောင်းကတော့ တပ်ရင်းမှူးတွေဟာ ဥစတ (စစ်ဦးစီးတက္ကသိုလ်) မတက်ရမှာ စိုးတာကြောင့် ခွင့်မဲ့ စစ်ပြေးစာရင်းကို အရှိပြထားကြပါတယ်။ ပြီးတော့ သက်ဆိုင်ရာ နည်းဗျူဟာမှူး (ဗိုလ်မှူးကြီးအဆင့်) တပ်မမှူး (ဗိုလ်မှူးချုပ်အဆင့်) တိုင်းမှူး (ဗိုလ်ချုပ်အဆင့်) တွေရဲ့ ပုဂ္ဂလိက လုပ်ငန်း အကျိုးစီးပွားများအတွက် ခွဲတမ်းပုံစံတောင် ထုတ်နှုတ်သုံးစွဲကြပါသေးတယ်။

ဥပမာ နေပြည်တော် စကခ (၆) တပ်မမှူး ကနေ နတခ (အနောက်တောင်တိုင်း စစ်ဌာနချုပ်) ပုသိမ်တိုင်းမှူးဖြစ်သွားတဲ့ ဗိုလ်ချုပ်လူအေးက အထင်ရှားဆုံးပဲ။ 

သူက ပုသိမ်ကို ရောက်သွားပေမယ့် နေပြည်တော်မှာ တပ်မမှူး လုပ်ခဲ့စဉ်က သိမ်းယူထားတဲ့မြေမှာ စိန်တစ်လုံးသရက် စိုက်ခင်းလုပ်ပြီး လက်အောက်ခံ (၁၀) ရင်းဖြစ်တဲ့ (ခမရ) ၄၁၃၊ (ခမရ) ၄၁၄၊ (ခမရ) ၆၀၄၊ (ခမရ) ၆၀၅၊ (ခမရ) ၁၉၊ (ခလရ) ၈၄၊ (ခလရ) ၂၆၊ (ခမရ) ၃၀၆၊ (ခမရ) ၃၀၇၊ (ခလရ) ၅ တပ်ဆယ်ရင်းကနေ တစ်တပ်ကို စစ်သည် နှစ်ယောက်နှုန်းနဲ့ အလုပ်သမားအဖြစ် ခိုင်းစေပါတယ်။

ဒါ့အပြင် သူတိုင်းမှူးဖြစ်သွားတဲ့ ပုသိမ်က စစ်သည်တွေကိုပါ အဲ့ဒီ စိန်တစ်လုံးခြံကို အလုပ်သမားအဖြစ် ထပ်မံစေလွှတ်ပါသေးတယ်။ သူသာ ကစထမှူးကနေ အရံအင်အား ရောက်သွားတယ်။ သူပိုင်လုပ်ငန်းတွေကိုတော့ စစ်သည်အင်အားနဲ့ လုပ်ပေးနေရဆဲပါ။ 

နောက်တက်လာတဲ့ ဘယ်တပ်မမှူး တပ်ရင်းမှူးမှ စောဒက မတက်ရဲကြဘူး။ မတက်ရဲဆို သူတို့ကလည်း အကောင်ဖြစ်လာတဲ့တစ်နေ့ အဲ့လိုလုပ်တာပဲ။ 

တချို့ တပ်ကြပ်ကြီးတွေ ပြောကြတယ်။ “ငါက ရှေ့တန်းထွက်နေရပေမယ့် ဘယ်တိုက်ပွဲမှာမှ မကျဘူး” တဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ “နာမည်ကသာ ရှေ့တန်းထွက်နေတာ လူက တပ်မမှူးအိမ်မှာ အေးဆေးပဲ” တဲ့။ 

အခုဆိုရင် စကခ (စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်) လက်အောက်ခံ တပ်ရင်းတစ်ရင်းရဲ့ စစ်ထွက်အင်အားက ၁၂၀ ဝန်းကျင်ပဲ။ နောက်တန်းမှာတော့ လိုင်းဖျားဆေးနားနဲ့ တကက (တပ်ကြပ်ကြီး) စာရေး ဒု-အရာခံဗိုလ်တွေပဲ ကျန်ခဲ့ပါတော့တယ်။ 

You can treat me a cup of coffee.

wave

Press ESC to close