အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ ဒေါက်တာမော်မော်ဦး ကိုဗစ်ကူးစက်ခံထားရ

ရန်ကုန် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် အရေးပေါ်ကုသမှုဆေးပညာဌာန ပါမောက္ခ ဒေါက်တာမော်မော်ဦး ကိုဗစ်ကူးစက်ခံထားရသည်ဟု ၎င်း၏ မိသားစုနှင့်နီးစပ်သူများက ဆိုသည်။

 

စစ်ကောင်စီက ဒေါက်တာဇော်ဝေစိုးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ဖမ်းဆီးမရ၍ ၎င်းနှင့်ရင်းနှီးသူ တပည့်ဆရာဝန်များကို လိုက်လံ ဖမ်းဆီးနေခဲ့ခြင်းဖြစ်ပြီး ဆေး (၁) မှ ပါမောက္ခဒေါက်တာမော်မော်ဦးလည်း ဖမ်းဆီးခံရသည့်အထဲ ပါဝင်ခဲ့သည်။

 

ပထမဆုံး ဖမ်းဆီးခံရသူမှာ ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာကျော်မင်းစိုး ဖြစ်သည်။ ဒေါက်တာမော်မော်ဦးမှာ ဧပြီ ၁၂ ရက်က ရန်ကုန်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေချိန် အရပ်ဝတ်နှင့်လူများက ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

 

ဖမ်းဆီးသွားစဉ်ကတည်းက ယနေ့ထိ မိသားစုဝင်များက ဒေါက်တာမော်မော်ဦးကို တွေ့ဆုံခွင့် မရသေးပေ။ ထို့ပြင် ဒေါက်တာမော်မော်ဦးနှင့် ဒေါက်တာကျော်မင်းစိုးတို့ကို ဖမ်းဆီးသွားသည့်အကြောင်းရင်းကိုလည်း မသိရပေ။

You can treat me a cup of coffee.

wave

Press ESC to close