ရှေးခေတ် သတင်းစာလွမ်းချင်း

တကယ်က သတင်းစာတွေရဲ့ ဓလေ့က မိုက်တယ်။ အထူးသဖြင့် ဖေ့စ်ဘွတ် မပေါ်ခင် အချိန်ကပေါ့။

 

သတင်းစာတွေဟာ သြဇာတွေလည်း ကြီးကြတယ်။ သတင်းစာရဲ့ အာဘော်ကို ဖတ်ချင်ရင် အယ်ဒီတာ့အာဘော်ကို ဖတ်။ သတင်းစာကို မကျေနပ်ရင် အယ်ဒီတာထံ ပေးစာဆိုပြီးရေး။ သတင်းစာထဲပါတဲ့ ဆောင်းပါးရဲ့ အာဘော်ကို မကြိုက်ရင် တန်ပြန်ဆောင်းပါး ပြန်ရေး။ ပျော်စရာလည်း ကောင်းသလို ဒီထဲကနေ သင်ယူစရာတွေလည်း ရတယ်။

 

နှုတ်တရာ စာတလုံး ဖြစ်တော့ တော်ရုံလူကလည်း တန်ပြန် စာမရေးရဲကြဘူး။ စာနဲ့ပေနဲ့ ခမ်းခမ်းနားနား ဖော်ပြခံရမှာဆိုတော့ လက်သရမ်းပြီး မဝေဖန်ရဲကြ။ လမ်းဘေးက သူတောင်းစားကလည်း သူထင်ရာပြောလို့ မရသလို ဝန်ကြီးအဆင့်ကလည်း ထင်ရာဝင်ရေးလို့ မရဘူး။

 

"မအေဘေး ထင်ရာ လျှောက်ရေးနေတယ်" ဆိုပြီး ၂၀၀၀ ဖိုး ၃ ကဒ်နဲ့ ဆင်းမ်ကဒ်ဝယ်၊ ဖေ့စ်ဘွတ်အကောင့်ဖွင့်ထားတဲ့ ဘယ်ကမှန်း မသိတဲ့တာဇံက ဝင်ဆဲလို့ မရသလို ထင်ရာမြင်ရာ စာတကြောင်းနဲ့လည်း ဝင်ငံလို့ မရဘူး။

 

ဘာလို့ဆို သတင်း တပုဒ်၊ ဆောင်းပါးတပုဒ် စာတပုဒ် ဖြစ်ဖို့ဆိုတာကလည်း အင်အားစိုက်ထုတ်ရ၊ အချိန်ယူရတာကိုး။ တစ်လလောက် ကြိုးစားရေးယူထားရတဲ့ ဆောင်းပါးကို စာတကြောင်းလောက်နဲ့ ဝင်ပြီး စော်ကားလိုက်ဖို့ဆိုတာ သတင်းစာမှာ မလွယ်ဘူး။ နောက်တစ်ခုက တန်ပြန်ပြောချင်တယ်ဆိုရင်တောင် ပြောချင်တဲ့အကြောင်းအရာကို သေချာ စေ့ငုပြီးမှ ရေးကြ ပြောကြရတာ။

 

ဒီဘက်ခေတ်မှာ လစ်ဘရယ် သဘောအရ "လူတိုင်းရဲ့ အမြင်တွေကို အလေးထားရမယ်" ဆိုပေတဲ့လို့ သိပ္ပံစာတမ်းတစ်ခုကို ညနေ နေဝင်ရီတရော မူးနေတဲ့ကောင်က ဝင် ငံ တာမျိုးတော့ လက်ခံနိုင်စရာ အကြောင်း မရှိဘူး။

 

စကား ပျိုးနေတာပါ။

 

ဆိုလိုရင်းက ကျနော် သတင်းတင်ရင် Blue Mark နဲ့ ဒီပရိုဖိုင်မှာ ရေးပါတော့မယ်။ ပြီးတော့ ကျနော့် Telegram Channel မှာရောပေါ့။ မကျေနပ်ဘူး၊ တန်ပြန်ပြောချင်တယ်ဆို ချက်ကျလက်ကျ၊ အဆင့်အတန်းရှိရှိ မက်ဆင်ဂျာမှာ လာပြောနိုင်ပါတယ်။ ကျနော် အချိန်ရသမျှ ဖတ်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ် မိတ်ဆွေများ။

You can treat me a cup of coffee.

wave

Press ESC to close