ဗဟန်းက ရွှေကျင်ကျောင်းတိုက် ကိစ္စ

ခု ဗဟန်းမှာ ပြဿနာတက်နေတဲ့ ကိစ္စမှာ လူတွေက ရွှေကျင်ကျောင်းတိုက်ဆိုပြီး နာမည်တပ်ကြ၊ ရေးကြပါတယ်။ တကယ်က ပြဿနာကို စတင်သူတွေဟာ ရွှေကျင်ကျောင်းတိုက်က မဟုတ်ပါ။ ရွှေကျင်မုဒ်ဦးကနေ တဆင့်ဝင်ရတဲ့ ဘေးက ဘုန်းကြီးကျောင်းဖြစ်ပါတယ်။
ကျောင်းနာမည်က ဘင်္ဂလားတိုက်ဖြစ်ပြီး ဦးသာသနာကျောင်းလို့ ဆိုပါတယ်။ ကျောင်းထိုင်ဘုန်းကြီးက ဦးဥက္ကံသ ပါ။ သူဟာ ဦးဝီရသူ တပည့်လည်း ဖြစ်ပါတယ်။ ဒီကျောင်းဟာ အမျိုးသားရေးကျောင်းအဖြစ် နာမည်ကြီးပါတယ်။
ဘင်္ဂလားကျောင်းတိုက်ဟာ ရခိုင်အရေးဖြစ်စဉ်ကာလက အမျိုးသားရေးဘုန်းကြီးတွေ စုဝေးလေ့ရှိတဲ့ ကျောင်းတကျောင်းဖြစ်ပြီး သတင်းမီဒီယာတွေထဲ ခဏခဏပါဖူးပါတယ်။ ပြီးတော့ ထိုင်းဝန်ကြီးချုပ် သက်ဆင် ဖမ်းခံစဉ်က မြန်မာက အမျိုးသားရေးဘုန်းကြီးတွေ ဆန္ဒထုတ်ဖော်ဖို့ စတင်တိုင်ပင်ခဲ့ကြတာလည်း ဒီကျောင်းပဲ ဖြစ်ပါတယ်။
အဲ့ဒီအစည်းဝေးတုန်းက သတင်းထောက်တွေကို ဝင်ခွင့်ပေးခဲ့တဲ့အတွက် ကျနော်ကိုယ်တိုင် အဲ့ဒီမှာ ရှိနေခဲ့တာပါ။ ဆိုတော့ ရွှေကျင်ကျောင်းတိုက် မဟုတ်ပါ။ ဘင်္ဂလားကျောင်းတိုက်သာ ဖြစ်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close