သစ္စာရှိမှုပေါ် အမြင်တစ်ခု

“သစ္စာရှိမှု” ကို အခြေခံပြီး ရွေးချယ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူစာရင်းထဲမှာ အင်န်အယ်ဒီကို သစ္စာရှိရှိနဲ့ အလုပ်အကျွေးပြုပြီး နိုင်ငံကိုလည်း တိုးတက်စေလိုတဲ့ ပါတီဝင် ဘယ်လောက်ပါနေလဲဆိုတာ မေးခွန်းထုတ်စရာပဲ။

တကယ်တော့ ထွက်လာတဲ့ လူစာရင်းဟာ “သစ္စာရှိမှု” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မူနဲ့ ကိုက်ညီ/မညီဆိုတာ အဖြေပေါ်ပြီးပါပြီ။ (သတိချပ်စရာကတော့ ပါတီဝင်တထောင်ကျော် အားလုံးကို ဒေါ်အောင်ဆန်းစုကြည် မသိပါဘူး။ ဆိုတော့ မူနဲ့ ရွေးချယ်ထားတယ်ဆိုရင် ရွေးချယ်ရေးအဖွဲ့ရဲ့ “သစ္စာရှိမှု” ဆိုတာကိုပဲ ဒေါ်အောင်ဆန်းစုကြည်က တဆင့်ခံ ယုံကြည်ရပါလိမ့်မယ်)

တဖက်မှာ ကျပြန်တော့လည်း “တိုင်းရင်းသား ရင်ကြားစေ့ရေး” လို့ တဖွဖွ ပြောလာပေတဲ့လို့ ကျန်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးရေးဆိုတာကို ခဏဘေးဖယ်ထား၊ မဟာမိတ်ပြုရေးကို ထည့်မပြောနဲ့ဦး၊ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာတင် အဖွဲ့ချုပ်ထဲမှာ တိုင်းရင်းသားပါတီဝင်တွေကို ဘယ်လောက်ထိ နေရာပေးထား(ခဲ့)သလဲဆိုတာနဲ့လည်း တိုင်းတာလို့ ရနိုင်ပါသေးတယ်။

အားလုံးခြုံရရင် အဲ့ဒီနှစ်ချက်စလုံး - ဒေါ်အောင်ဆန်းစုကြည်ရဲ့ သစ္စာရှိမှု - မူ နဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးဆိုတဲ့ မူ ဟာ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမှာတင် စံချိန်စံညွှန်းကို မမီခဲ့တာကို တွေ့ရတယ်။

ဒီလိုလွဲချော်နေတာကို ပါတီဝင်တွေကိုယ်တိုင်လည်း သိနေခဲ့ပြီး ဖြစ်တယ်။ ပြဿနာက ဝေဖန်နိုင်ရဲတဲ့သတ္တိတွေ မရှိကြသလို ပါးစပ်ပိတ်၊ တိတ် “အားလုံး ကောင်းပါသည်ခင်ဗျား” နေကြတယ်။

တိုက်ခိုက်မှုပေါင်းများစွာ၊ အသက်သွေးချွေးပေါင်း များစွာနဲ့ အာဏာရလာခဲ့တာမို့ ကိုယ့်ပါတီကို ကိုယ်ဝေဖန်ပြီး ပြင်စရာရှိတာ အချိန်မီပြင်ကြပါမှ မြန်မာပြည်မှာ သမိုင်းကြောင်းကြီးမားတဲ့ လောက်လောက်လောက်လားလား ပါတီတခု မြဲနိုင်ပါလိမ့်မယ်။

You can treat me a cup of coffee.

wave

Press ESC to close