ခဝဲခြံ မျက်မမြင်ကျောင်းမှာ ဘာတွေ ဖြစ်နေတာလဲ

 

ရန်ကုန် မရမ်းကုန်းမြို့နယ်က မျက်မမြင်ကျောင်း (ခဝဲခြံ) ထဲမှာ မင်းအောင်လှိုင် လက်ပါးစေ စစ်တပ်က တပ်စွဲထားတာကြောင့် ကျောင်းမှာနေထိုင်တဲ့ မျက်မမြင်ကလေးတွေနဲ့ ဝန်ထမ်းတွေ နေထိုင်သွားလာရတာ အခက်အခဲတွေ ဖြစ်နေကြပါတယ်။

 

ကျောင်းထဲမှာ အသက် ၅ နှစ်ကနေ ၃၀ ကြား မျက်မမြင် ကျောင်းသား ၅၀ ရှိပြီး ဝန်ထမ်းမိသားစု အယောက် ၃၀ ရှိပါတယ်။ ဝန်ထမ်းတွေဟာလည်း မျက်မမြင်တွေ ဖြစ်ကြပါတယ်။

 

သူတို့ (မင်းအောင်လှိုင် တပ်ဖွဲ့တွေ) က ကျောင်းထဲမှာ သူတို့အိမ်လိုပဲ လာနေကြတာ၊ ဒါက ဝန်ထမ်းတွေအတွက် လုံးဝ အဆင်မပြေပါဘူးလို့ ဒီကျောင်းမှာ စာသင်ခဲ့ဖူးသူ ဆရာမဟောင်း တဦးက ပြောပါတယ်။

 

စစ်ကောင်စီ လက်ကိုင်တုတ် တပ်ဖွဲ့ဝင်တွေဟာ ကျောင်းကို ဧပြီ ၁၂ ရက်နေ့ည ၇ နာရီခွဲက က ဝင်ရောက်စီးနင်းခဲ့တာပါ။ ပိတ်ထားတဲ့ ဝန်းခြံတံခါးကို ကျော်ဝင်ခဲ့တာလို့ သိရပါတယ်။ အင်အား ခန့်မှန်းခြေ ၇၀ ကျော်ရှိမယ်လို့ ကနဦး သိရှိထားပါတယ်။

 

ကျောင်းဝန်းထဲက အဆောက်အအုံ ၂ ခုကို စီးနင်းထားပြီး မျက်မမြင် ဝန်ထမ်းတွေကိုလည်း အဆောက်အအုံ တစ်ခုကနေ နောက်တစ်ခုကို လွတ်လပ်စွာ ကူးလူးသွားလာခွင့် မပေးဘူးလို့ ဆိုပါတယ်။

 

စီးနင်းခဲ့ပြီး အစပိုင်းမှာ ၅ ရက်ကနေ ၇ ရက်ကြားကျောင်းထဲမှာ စခန်းချမယ်လို့ အကြမ်းဖက် စစ်တပ်က ပြောခဲ့ပေမယ့် မနေ့က (ဧပြီ ၁၃) မှာတော့ နောက်ထပ် တစ်ပတ်နှစ်ပတ် ပိုကြာဦးမယ်လို့ ပြောတယ်လို့ သိရပါတယ်။

 

ရန်ကုန် ခဝဲခြံ မျက်မမြင်ကျောင်းဟာ ပုံမှန်အားဖြင့် တစ်နှစ်ကို မျက်မမြင် ကျောင်းသား ကျောင်းသူ ၁၈၀ နီးပါး လက်ခံသင်ကြားလေ့ရှိပေမယ့် ဒီနှစ် ကိုဗစ်ဖြစ်တာရော၊ အာဏာသိမ်းတာရောကြောင့် ကျောင်းသားကျောင်းသူ တချို့ကို သူတို့မိဘတွေဆီ ပြန်ပို့ထားခဲ့ရတာပါ။

 

တချို့ကျောင်းသား မိသားစုတွေဟာ နယ်စွန်နယ်ဖျားမှာ နေကြသူတွေဖြစ်ပြီး ခု ကျောင်းမှာ ကျန်နေတဲ့ မျက်မမြင် ၅၀ မှာ အများစုက မိဘမဲ့တွေ ဖြစ်ကြပါတယ်။

 

ကျမ ကျောင်းသားတွေက မျက်စိမမြင်ကြပေမယ့် အာဏာသိမ်းတဲ့ကိစ္စအပေါ် ဘာမှမဖြစ်သလိုနေရလောက်တဲ့အထိတော့ မတုံးသေးပါဘူး။ ကျောင်းမှာ ခု ဖြစ်ပျက်နေတာတွေကို သူတို့တော်တော့်ကို စိတ်ပျက်နေကြပါတယ်လို့ ဆရာမက ဆိုပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close