ရန်ကုန် မန္တလေးမှ ပီဒီအက်ဖ်များ အပါအဝင် တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်း

အင်အားကြီး ပီဒီအက်ဖ်များဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) များနှင့် မြေအောက်အဖွဲ့ စုစုပေါင်း ၁၂ ဖွဲ့ ပူးပေါင်းလိုက်ပြီဟု ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

 

ဧပြီလမှ စတင်ကာ ကိုယ့်ဦးဆောင်မှုနှင့်ကိုယ်တိုင် ဖွဲ့စည်းခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းမှုမှာ ယခုတစ်ကြိမ်သည် အစုအဖွဲ့ အများဆုံးဖြစ်သည်ကို တွေ့ရသည်။

 

သြဂုတ် ၂၄ က ချင်းပြည်နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CNO နှင့် ZFU တို့ ပူးပေါင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

“နဂိုတုန်းက ကိုယ့်ဘာသာ သွားနေကြတာ သိပ်အချိတ်အဆက်မမိဘူးပေါ့။ ခုကျတော့ စုစုစည်းစည်းနဲ့ အင်အားလည်း ပိုကောင်းသွားသလို သတင်းအချက်အလက်တွေလည်း ပိုပြီးမျှဝေလို့ ရသွားတာပေါ့” ဟု ပူးပေါင်းအဖွဲ့ဝင် ပါဝင်သည့် ပီဒီအက်တစ်ဖွဲ့က ပြောဆိုသည်။

 

ယခု ပူးပေါင်းလိုက်သည့်အဖွဲ့များအနက် ရန်ကုန်နှင့် မန္တလေးတို့အတွင် အဓိက လှုပ်ရှားသည့် Yangon Urban Guerrillas (YUG), MDY-PDFYangon Federal Army (YFA)Kyaukse Distric Defense (KDDF) နှင့် Mandalay Special Task Force (MSTF) တို့ ပါဝင်သည်။

 

ထို့ပြင် People's Defense Force -ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ People Defense Force (ShweGu)Pakokku People Defense Force (PPDF)Kawlin People Defense Force (KLPDF) တို့နှင့်အတူ Zero Nine (PDF-MGN), 27 Revolution Forces (MGN), နှလုံးလှလူမိုက်ကြီးများအဖွဲ့ (မြင်းခြံ) တို့ပါ ပူးပေါင်းပါဝင်သည်ကို တွေ့ရသည်။

You can treat me a cup of coffee.

wave

Press ESC to close