၂၅ နှစ်စာ နေ့လည်စာ

အဆင်ပြေလားလို့
ဆင်တစ်ကောင်ကို အမေးခံရတယ်
နို့ဆီခွက်ထဲ ခလောက်သံတွေ
ဒင်းတို့မှ မကြားပဲ
အစွယ်ငေါငေါ ငြိနေသံတွေ။

 

တိုးတက်တဲ့နိုင်ငံတော်မှာ
လူလူသူသူ တိုက်ခန်းတစ်လစာမှာ
အလယ်လတ်တန်းစား နေ့လည်စာမှာ
၁၁ ပေ၊ ပေ ၄၀ မှာ
ပိုရှုချင်သေးတယ်ဆိုသေးရင်
ခင်ဗျားလည်း ဒေါ်လာစားတယ်
ကျုပ်လည်း ဒေါ်လာစားတယ်။

 

ဟိုဖက်ကို လှည့်ရင်
ကွမ်းတစ်ရာဖိုးမှာ အယာတွေ လျော့သွားမယ်
ဒီဖက်ကိုလှည့်ရင်
ဘယ်သွားသွား ၁၅၀၀ က စတယ်
သူတောင်းစားတောင် မသဒ္ဒါချင်တော့တဲ့
နေ့လည်ခင်း လက်ဖက်ရည်ခွက်မှာ
မာဘိုရိုလား၊ ရက်ဒ်ရူဘီလား၊ လန်ဒန်လား
ဒါတင်ပဲ အပျော်ရွှင်ရဆုံး ရွေးချယ်ခွင့်ပဲ။

 

လမ်းလျှောက်ရင်တောင်
ခင်ဗျားဝေစုကို ပလက်ဖောင်းခပ်ကျဉ်းကျဉ်းမှာ
ရွာမတွေ့နိုင်ဘူး မဟုတ်လား။

ခင်ဗျားမေ့နေတာက
ဒေါ်လာတွေ ကျုပ်တို့ကို
ပြန်ပြန် စားနေတာဆိုတာ။

 

သူ မရတ်

You can treat me a cup of coffee.

wave

Press ESC to close