ရန်ကုန် တိုင်း စစ်ဌာနချုပ်တွင် ၄၈ ဦး ကိုဗစ် ပိုးတွေ့

ပြည်လမ်း၊ ၈ မိုင် ခုံးတံတားအဆင်းရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် ၄၈ ဦး ကိုဗစ်ပိုးတွေ့ရှိထားပြီး နှစ်ဦး သေဆုံးသွားပြီ လို့ တပ်တွင်းက သတင်းပေးလာသူက ဆိုပါတယ်။

 

တိုင်းရုံးထဲမှာ လူ ၅၀ စစ်တယ်။ အဲ့ဒီမှာ ၄၈ ယောက်မှာ ပေါ့ဇစ်တစ်ဖြစ်နေတယ်၊ အဲ့ဒီထဲက ၂ ယောက် သေသွားပါပြီလို့ သတင်းပေးလာသူက ပြောပါတယ်။

 

လောလောဆယ်မှာ တိုင်း စစ်ဌာနချုပ် တစ်ခုလုံးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက လော့ခ်ဒေါင်းချထားတယ်လို့ သိရပါတယ်။

 

ဇွန်လ နောက်ဆုံးပတ်ကလည်း စစ်ကောင်စီ ရေချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်ရဲ့ လုံခြုံရေးအရာရှိနဲ့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းရဲ့ ဇနီးနဲ့ သားတို့ ကိုဗစ်ပိုး တွေ့ရှိခဲ့ပါသေးတယ်။

 

ဒါ့အပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တာဝန်ကျနေတဲ့ ရဲအုပ်တစ်ဦး ကိုဗစ်နဲ့ သေဆုံးခဲ့ပြီး ကျန်တဲ့ရဲ ၆ ဦးခန့်လည်း ဆက်တိုက် ဖျားနာနေခဲ့တဲ့အကြောင်း ယမန်နေ့က သတင်းဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကလည်း ရန်ကုန်၊ အင်းစိန် မှုခင်းရဲတပ်ဖွဲ့ သင်တန်းကျောင်း အပတ်စဉ် ၁၈၉ မှ သင်တန်းနည်းပြနဲ့ သင်တန်းသား ရဲအရာရှိ ၁၅၀ ကိုဗစ်ကူးစက်ခဲ့ပါသေးတယ်။

 

You can treat me a cup of coffee.

wave

Press ESC to close