ထပ်ခိုးပေါ်မှာ

အက်ကြောင်းလေးတွေ ပြေးနေတဲ့
ဗိုက်ခေါက်နွေးနွေးတွေကိုမှ မချစ်နိုင်ရင်
စစ်မှန်ခြင်းတရားဆိုတာ ပျောက်သွားမပေါ့
ရေးတေးတေး ပြတ်နေတဲ့ အကြောလေးတွေ
ပါးပေါ်က ရိတ်စရာမလိုတဲ့ မွေးညှင်းတွေ
လည်တိုင်ပေါ်က နေရောင်ခံ ဆံချည်မျှင်တွေ
ညိုညစ်ညစ်ဖြစ်နေပေတဲ့
သန်မာလှတဲ့ သူ့ပေါင်တံတွေ
ပြေလျော့လာတဲ့ သူ့ သိမ်မွေ့မှုတွေအောက်
နောက်ကောက် ကျရပြန်တယ်။
ထပ်ခိုးပေါ်က ကောင်းသောညတွေ။

You can treat me a cup of coffee.

wave

Press ESC to close