အေအေ ဖြေရမယ့် မေးခွန်း

“ArakanDream2020 ဆိုတာ ဘာကိုပြောတာလဲ" လို့ မေးချိန်တန်ပါပြီ။ ခု ၂၀၂၀ ဒီဇင်ဘာလ ကုန်ပါတော့မယ်။ အာရကန်ဒရင်းမ် ၂၀၂၀ ရဲ့ လားရာ၊ လာရာနဲ့ ရည်ရွယ်ချက် အထ မြောက်၊ မမြောက်ဆိုတာ အေအေ အနေနဲ့ သူ့ကိုအားပေးထောက်ခံခဲ့သူတွေကို ရှင်းပြသင့်တယ်ထင်ပါတယ်။ 

 

အေအေရဲ့ ထုတ်ပြန်ချက်တွေ၊ မိန့်ခွန်းတွေမှာ တင်းကြမ်းပြည့်ပါခဲ့တဲ့ ဒီစကားလုံးဟာ တကယ်ရော ထိရောက်ခဲ့ရဲ့လားဆိုတာ သူ့ကို အားပေးထောက်ခံသူတွေအနေနဲ့ သိသင့်တယ်လို့ ယူဆပါတယ်။

 

ZOOM ကနေ တွေ့တယ်၊ နောက် ပန်ဆန်းမှာ မျက်နှာချင်းဆိုင် တွေ့တယ်လို့ ဆိုတယ်။ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တနည်း တဝိုင်းတည်း ထိုင်နိုင်ရေးဟာ အာရကန်ဒရင်းမ်၂၀၂၀ လားဆိုတာ မေးရမလိုပါပဲ။ 

 

"တိုင်းတပါးသားရန်က ကာကွယ်ဖို့" ဆိုတဲ့ 'မက်လုံး' နဲ့ တပ်မတော်တွေကို ထူထောင်ကြလေ့ရှိပါတယ်။ တကယ်တမ်း တိုင်းတပါးသားရန် ရှိခြင်း၊ မရှိခြင်းထက် တပ်ဖွဲ့ဝင်တွေရဲ့စိတ်ထဲ၊ နှလုံးသားထဲမှာ ဒီစိတ်ဓာတ်ရောက်ရှိနေစေခြင်းနဲ့သာ ရှေ့ဆက်ကြတာပါပဲ။ တဖက်မှာလည်း ပြည်သူကို ပေးချင်တဲ့ မက်ဆေ့က 'တို့က တိုင်းတပါးသားရန် ကာကွယ်နေကြတာ' ဆိုတာပါပဲ။

 

ဒါပေမယ့် အချိန်အတိုင်းအတာတခု ဖြစ်တဲ့ ၂၀၂၀ ကတော့ 'မက်လုံး' ထက်ပိုတယ်လို့ ယူဆပါတယ်။ ရည်မှန်းချက် တခုခုကို ရည်ညွန်းတယ်လို့လည်း သဘောပေါက်ပါတယ်။ ဒါပေမယ့် ၂၀၁၇ နောက်ပိုင်းမှာ အကြီးအကျယ်အင်အားတောင့်လာခဲ့တဲ့ အေအေအနေနဲ့ ဒီနေ့ ၂၀၂၀ ဒီဇင်ဘာထိ အာရကန်ဒရင်းမ်၂၀၂၀ ရဲ့ ရည်ရွယ်ချက်ကို ရောက်ပြီလား၊ မရောက်သေးဘူးလားဆိုတာ မသိရသေးပါ။ ဘာဆိုတာလည်း မသိရပါ။ 

 

အပြင်းအထန်တိုက်ပွဲတွေ ၂ နှစ်ကြာပြီးတဲ့နောက် ရခိုင်ဒုက္ခသည်ပေါင်း သိန်းသောင်းချီဟာ ဒီနေ့ထိ ဒုက္ခရောက်ဆဲပါပဲ။ မြောက်ဦး၊ လက္ကာရွာထဲကနေ ပီပင်ရင်း ဒုက္ခသည်စခန်းထဲ ကျနော် ရောက်ခဲ့တုန်းက အမျိုးသမီးကြီးတဦးပြောတာ ပြန်သတိရပါတယ်။ ကျနော်က "အရီး ဘယ်တော့လောက် ရွာကို ပြန်ရမယ်ထင်သလဲ" ဆိုတော့ "လွတ်လပ်ရေးရမှ အိမ်ပြန်မယ်" လို့ ဖြေခဲ့ပါတယ်။ 

 

အေအေရဲ့ ArakanDream2020 ဆိုတာ ဘာလဲ....?

You can treat me a cup of coffee.

wave

Press ESC to close