စစ်သင်တန်း တက်ချင်သူများ အထူးဂရုစိုက်ပေးပါ

တိုင်းရင်းသား တပ်ဖွဲ့တွေထဲ ဝင်ပြီး စစ်သင်တန်း တက်ချင်သူများ အထူးဂရုစိုက်ပေးပါ ခင်ဗျာ။ အထူးသဖြင့် လူကုန်ကူး ပွဲစားတွေ ခြေရှုပ်နေချိန် ဖြစ်လို့ပါပဲ။

 

မြို့ကြီးတွေက တက်ကြွသူ၊ စိတ်ဓာတ်ပြင်းထန်သူတွေဟာ လမ်းခရီး မကျွမ်းကျင်မှု၊ ဆက်သွယ်ရမယ့်ပုဂ္ဂိုလ် မတိကျ မသေချာမှုတွေကြောင့် လူကုန်ကူးပွဲစားတွေရဲ့ အစာဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလာပါတယ်။

 

တိုင်းရင်းသား တပ်ဖွဲ့တွေဟာ နယ်စပ်တွေမှာ ရှိတာကြောင့် တဖက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ နေရာတွေဆီ အရင်ဆုံး ခေါ်ဆောင်ခံကြရပါတယ်။ ဒီနေရာမှာ စိတ်ဓာတ်ပြင်းပြနေတော့ တချို့ကိစ္စတွေကို မစစ်ဆေးနိုင်ဘဲ အယုံလွယ်တာမျိုး ဖြစ်တတ်ကြပါတယ်၊ ဖြစ်သွားနိုင်ပါတယ်။

 

မြန်မာနိုင်ငံမှာ လူတိုင်း ဒုက္ခရောက်နေကြပေမယ့် အိမ်နီးချင်းနိုင်ငံတွေမှာတော့ ပုံမှန်စီးပွါးရေး လည်ပတ်နေတယ်ဆိုတာ မေ့ထားလို့ မရပါ။ ဒါကြောင့် အရင်က အနည်းငယ်ငြိမ်နေခဲ့တဲ့ ပွဲစားတွေဟာ ခုချိန်မှာ အလွယ်တကူပဲ သားကောင်ရှာဖို့ လွယ်လာပြီး ဈေးကွက်ကို ပြန်လည်ပတ်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

 

လူငယ်တွေကလည်း သွေးအရမ်းကြွနေချိန် ဖြစ်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အရဲစွန့်ကြတယ်။ ဒါက ပွဲစားတွေအတွက် သိပ်ကြိုးစားစရာတောင် မလိုဘဲ ဖုန်းနံပတ်လေး ကောက်ပေးလိုက်တာနဲ့ အယုံလွယ်သွားနိုင်တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် အရင်ဆုံး - လမ်းခရီးကို အထူးဂရုစိုက်ပါ၊ ကိုယ် ချိတ်ဆက်ရမယ့် လူအပေါ် ဘယ်လောက် ယုံကြည်နိုင်သလဲဆိုတာ အထူးဂရုစိုက်ကြစေလိုပါတယ်။

 

အထူးသတိထားရမှာက တိုင်းရင်းသား တပ်ဖွဲ့တွေထဲ ဝင်ချင်တိုင်း ဝင်လို့ မရဘူးဆိုတာပါပဲ။ ဒါကြောင့် အလွယ်တကူ ဝင်ခွင့်ပေးတာ၊ လိပ်စာပေးတာ၊ ကတိပေးတာတွေကို သတိကြီးကြီး ထားကြစေလိုပါတယ်။ ချိတ်ဆက်ရမယ့်လူတွေကို အကြိမ်ကြိမ် အဆင့်ဆင့် စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ပါ။ အကြိမ်ကြိမ်အဆင့်ဆင့်ပါ။

 

ကျနော်လည်း ဒီလောက်ပဲရေးလို့ရပါတယ်။ သတိထားကြပါ မိတ်ဆွေများ ခင်ဗျာ။

You can treat me a cup of coffee.

wave

Press ESC to close