မြင်းခြံမြို့ ယနေ့ည ၁၁ နာရီခွဲထိ သိရသမျှ

မြင်းခြံမြို့တွင် ယနေ့ညဆယ်နာရီအထိ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ခဲ့သလို မင်းအောင်လှိုင် လက်ပါးစေ ရဲနှင့်စစ်သားများက မြို့ခံလူ ၁၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

ယနေ့ နေ့လယ်တုန်းက မြင်းခြံမြို့က ကမ္ဘောဇဘဏ်ခွဲတစ်ခု ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အခုလို ပစ်ခတ်မှုတွေ၊ ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

 

၁၁ နာရီဝန်းကျင်ကလည်း အမှတ် ၈ ရပ်ကွက် သင်္ဘောဆေးဆိုင်အနီးမှာ ၎င်းတို့ကို ထွက်ကြည့်လို့ဆိုပြီး အမျိုးသားတစ်ဦးကို အကြမ်းဖက် လက်နက်ကိုင်များက ပစ်ခတ်မှု ဖြစ်ခဲ့ပါတသေးတယ်။ ပစ်ခတ်ခံရသူ သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အတည်မပြုနိုင်သေးပေ။

 

အမှတ် ၅၊ ၆ ရပ်ကွက် တို့မှာ ညရှစ်နာရီဝန်းကျင်လောက်ထဲက ပစ်ခတ်သံများကြားနေရတယ်လို့ သိရပြီး ညဆယ်နာရီလောက်မှ ငြိမ်သက်သွားတယ်လို့မြို့ခံတစ်ဦးက ဆိုပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close