ငွေဆောင်တွင် စစ်တပ်နှင့်ရဲ ပူးပေါင်း၍ လာရောက် စခန်းချ  

ဧရာဝတီတိုင်း ငွေဆောင်ရှိ ရွာတစ်ရွာတွင် စစ်တပ်နဲ့ ရဲပူးပေါင်း၍ အင်အား ၂၀ ခန့်ဖြင့် စခန်းချထားပြီး ရွာနီးဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များ ရှိသည်ဟု သံသယဖြင့် ရှာဖွေနေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

 

ငွေဆောင်မြို့နယ်ခွဲ ကျောက်ဖျာအုပ်စု ကျွန်းကလေး ကျေးရွာတွင် စခန်းချထားခြင်း ဖြစ်ပြီး ဒေသတွင်းရှိ ဒလန်များ၏ သတင်းပေးမှုကြောင့် ရောက်ရှိနေသည်ဟု ယုံကြည်ရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းက လေယာဉ်ပျံ လာသေးတယ်။ တောဘက်ကိုပဲ နိမ့်နိမ့်လေးပျံသွားတာ တွေ့ရတယ်။ တောနင်းရှာမယ်လို့လည်း သတင်းတွေ ထွက်နေတယ်ဟု သတင်းရင်းမြစ်က ဆိုသည်။

 

စခန်းချရာနေရာမှ အရပ်ဝတ်များဖြင့် ကျေးရွာတွင်း လှည့်လည်သွားလာနေကြသလို ရွာတွင် လူစိမ်းများလည်း မကြာခဏတွေ့ရသည်ဟု ဒေသခံများက ဆိုသည်။ စခန်းချထားသည့်နေရာမှာ ကျွန်းကလေးကျေးရွာ စာသင်ကျောင်းဟု သိရသည်။

You can treat me a cup of coffee.

wave

Press ESC to close