ရေစကြို တိုက်ပွဲနှစ်ခုတွင် ဒေသခံ တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး

 

မကွေးတိုင်း ရေစကြိုနှင့် မြောင်မြို့နယ်တွင်း စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲနှစ်ခုတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ယနေ့ တိုက်ပွဲများတွင် ပြည်သူ့တပ်မတော် (မြောင်) MUA၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOMPDF-Taloke၊ နှလုံးလှ လူမိုက်ကြီများအဖွဲ့၊ Burmese Guerrilla Force –BGFMGN TIGERMGN RAINGER၊ ဗိုလ်တောက်ထွန်းအဖွဲ့၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ နှင့် 11 Brothers Revolution Forces တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

စစ်ကောင်စီ အကြမ်းဖက်သမားများပီပီ နှစ်ဦးနှစ်ဖက် လက်နက်အင်အားမမျှခြင်အား အခွင့်ကောင်းယူကာ တိုက်ခိုက်လာခြင်းကို (ဒေသခံတပ်ဖွဲ့များက) ခုခံခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

တိုက်ပွဲနှစ်ခု ဖြစ်ခဲ့ပြီး ပထမတိုက်ပွဲမှာ ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာ၌ နံနက်ပိုင်းက နှစ်ဦးနှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရရှိသွားပြီး ရေစကြိုမှ မြောင်သို့သွားရာလမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု တိုက်ပွဲနှစ်ခုတွင် ၆၀ မမ နှင့် ၄၀ မမ တို့ဖြင့် (၁၅) ချက်ခန့်ဖြင့်ပစ်ခတ်ခဲ့ပြီး စနိုက်ပါများလည်း အသုံးပြုခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ရေးသားထားသည်။

ရေစကြို ရွှေလှံကျေးရွာတိုက်ပွဲအပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွှေလှံကျေးရွာကို မီးရှို့သွားခဲ့သည်ကို အနီးဝန်းကျင် ကျေးရွာများက မြင်တွေ့ခဲ့ကြသေးသည်။ ထို့ပြင် ပီဒီအက်ဖ်အဖွဲ့ဝင်ဟု စွပ်စွဲကာ နေအိမ်များကို ဝင်ရောက်စီးနင်းပြီး ပိုက်ဆံများနှင့် လက်ဝတ်ရတနာများလည်း ယူငင်သွားကြသူဟု ဒေသခံများက ပြောဆိုထားသည်။

 

 

You can treat me a cup of coffee.

wave

Press ESC to close