ကရင်က တိုက်ပွဲတွေကို ကွပ်ကဲနေတဲ့ စစ်ကောင်စီ ဒု ဗိုလ်ချုပ်ကြီး အောင်စိုး

အရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်က ပြည်ထဲရေး ဒုဝန်ကြီးဖြစ်ခဲ့ဖူးသူ ဒု ဗိုလ်ချုပ်ကြီး အောင်စိုးဟာ လက်ရှိအချိန်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်က တိုက်ပွဲတွေကို ကွပ်ကဲနေတဲ့ ကစထမှူး ဖြစ်နေပါပြီ။
 
အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့ အောက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ ပါဝင်ပြီး ဒီဒေသတွေအားလုံးရဲ့ အချုပ်က ဒုဗိုလ်ချုပ်ကြီး အောင်စိုးပါပဲ။ လက်ရှိ လေးကေ့ကော်၊ မဲထော်သလေး စတဲ့ ဒေသတွေမှာ တိုက်နေတဲ့ စစ်ကောင်စီတပ်တွေကို အဓိက ညွှန်ကြားပဲ့ကိုင်နေသူဖြစ်ပါတယ်။
 
ဒုဗိုလ်ချုပ်ကြီး အောင်စိုးဟာ ရခိုင်ပြည်နယ်မှာ ၂၀၁၆၊ ၂၀၁၇ အာဆာတိုက်ခိုက်မှု ဖြစ်စဉ်တွေတုန်းက မောင်တောထိ ကိုယ်တိုင်သွားရောက် ကိုင်တွယ်ခဲ့ဖူးပါတယ်။
 
သူဟာ တပ်မတော်အတွင်းမှာ နာမည်ကောင်းရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပြည်ထဲရေး ဒုဝန်ကြီးရာထူးကနေ ဖယ်ရှားခံရပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ စစ်ရေးချုပ် ဖြစ်လာခဲ့တာပါ။
 
အရပ်ဖက် အစိုးရနဲ့ ဆက်ဆံရေး ပြေလည်လို့ ပြည်ထဲရေး ဒုဝန်ကြီး ရာထူးကနေ ဖယ်ရှားခံရပြီး စစ်ရုံးဘက်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။​ ဒါ့အပြင် သူ့ရဲ့ စီနီယာဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကိုလည်း ပြည်ထဲရေးဝန်ကြီးရာထူးကနေ ၂၀၂၀ ဖေဖော်ဝါရီတုန်းက မင်းအောင်လှိုင်က ဖယ်ရှားခဲ့ပါသေးတယ်။
 

You can treat me a cup of coffee.

wave

Press ESC to close