AYA နှင့် KBZ က CDM လုပ်နေသူ ဝန်ထမ်းများကို ဖိအားပေး ခြိမ်းခြောက်နေ  

ဧရာဝတီဘဏ် (AYA) နှင့် ကမ္ဘောဇဘဏ် (KBZ) ဘဏ်အုပ်ချုပ်သူများက ၎င်းတို့ဘဏ်မှ CDM လုပ်နေသူဝန်ထမ်းများကို လုပ်ငန်းခွင် ပြန်ဝင်ရန်နှင့် မဝင်နိုင်ပါက အလုပ်ထွက်ရမည်ဟု ဖိအားပေးနေသည်ဟု ၎င်းတို့ထံပို့သည့်စာများတွင် ဖော်ပြထားသည်။

 

ဧရာဝတီဘဏ် (AYA)

AYA ဘဏ်၏ CDM လုပ်နေသူ ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် အမိန့်စာထုတ်ခဲ့သည်။ ယင်းစာအရ မတ် လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ရှောင်တခင်ခွင့်ပေးမည်ဟု ပါရှိသည်။​ ဧပြီ ၂၃ အထိကိုမူ ရုံးမတက်ပါက လစာမဲ့ ခွင့်ဖြစ်သွားမည် ဖြစ်သည်။

 

ထို့ပြင် ယခု ဧပြီလ ၂၆ ရက်နေ့မှာမှ နောက်ဆုံးထားပြီး ရုံးမတက်ပါက အလုပ်က ထွက်ရမည်ဟု ဖိအားပေးနေပြီဖြစ်သည်။

 

အခုချိန်ကဗျာ၊ အားလုံးက KBZ ကိုပဲ ဝိုင်းပြောနေကြတာ၊ တကယ်က AYA လည်း ဆိုးရွားနေတာ၊ KBZ နဲ့ သိပ်မကွာဘူး။ CDM လုပ်နေသူတွေကို ခြိမ်းခြောက်တာပဲ။ လူတွေက သတိမထားမိကြတာဟု သတင်းပေးလာသူ တစ်ဦးက ဆိုသည်။

 

CDM မလုပ်ဘဲ ရုံးတက်နေသူများကိုလည်း တရက်လျှင် တစ်သောင်းကျ မုန့်ဖိုးဟူ၍ ပေးနေသလို CDM မလုပ်သူနှင့် လုပ်သူများကြားတွင်လည်း သွေးခွဲမှုများ ဆက်တိုက်ပြုလုပ်နေသူဟု ဆိုသည်။

 

လာမယ့် ၂၆ ရက်မှာ ၉၈ ရာခိုင်နှုန်းလောက် ပြန်တက်တော့မလို ဖြစ်နေကြတယ်။ ဒီလိုဆိုရင် ဟိုးအရင်ကတည်းက CDM လုပ်ကြသူတွေက သေပြီဗျာ။ ကျနော်တို့ တောင့်ခံထားချင်သေးတယ်ဟု သတင်းပေးလာသူက ဆိုသည်။

 

ကမ္ဘောဇဘဏ် (KBZ)

KBZ ဘဏ်မှ CDM လုပ်နေသည့် ဝန်ထမ်းများအနေနှင့် လာမည့် ဧပြီ ၂၉ ရက်နေ့တွင် လုပ်ငန်းခွင် ပြန်လည် မဝင်ရောက်ပါက အလုပ်သမားဥပဒေနှင့် အရေးယူမည်ဖြစ်သလို အလုပ်မှ နှုတ်ထွက်ရန် ကမ္ဘောဇဘဏ်က ဖိအားပေးနေသည်။

 

လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လိုခြင်းမရှိပါက အခြားရွေးချယ်ရန် နည်းလမ်းတစ်ခုအနေဖြင့် ဧပြီလ ၂၉ ရက်နေ့မတိုင်မီ အလုပ်မှ နှုတ်ထွက်ခွင့် တင်ပြနိုင်သည်ဟု ၎င်း၏ဝန်ထမ်းများကို ပို့သည့်စာတွင် ပါရှိသည်။

 

ထို့ပြင် ဧပြီ ၁ ရက်နေ့မှစတင်၍ လုပ်ငန်းခွင်သို့ ရောက်ရှိနေပြီးဖြစ်သော ဝန်ထမ်းများအနေဖြင့် အထက်တွင်ဖော်ပြထားသော အချက် အလက်များအား ဆောင်ရွက်ရန်မလိုအပ်ပါဟုပါရှိသည့်အတွက် ကမ္ဘောဇဘဏ် ဝန်ထမ်း အများစုမှာ ဧပြီ ပထမနေ့ကတည်းက အလုပ် လုပ်နေခဲ့ကြသည်မှာ ထင်ရှားသည်။

You can treat me a cup of coffee.

wave

Press ESC to close