ဧလာ တိုက်ခိုက်ခံရမှု ဓာတ်ပုံအတု

◼︎ အရင်ပုံဟောင်းကလည်း အတုဖြစ်သလို၊ လက်ရှိ ပြောင်းလိုက်တဲ့ ဓာတ်ပုံကလည်း ယခင်က ပုံဟောင်းသာဖြစ်

ဧလာ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ ခေတ်သစ် သတင်းဌာနနဲ့ 'မောင်း' စာမျက်နှာနဲ့ လော်ဘီအားလုံး လက်ရှိ တင်ထားဆဲ ဓာတ်ပုံ ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလက ရှော့တိုက်ဒုံးနဲ့ပစ်ခဲ့တယ်လို့ PDF ထုတ်ပြန်ခဲ့တုန်းက ဓာတ်ပုံဖြစ်ပါတယ်။

အစောပိုင်းမှာ မောင်း စာမျက်နှာက ဆော်ဒီအာရေဗျနိုင်ငံက ဆီလှောင်ကန်တွေနဲ့ ပတ်သက်လို့ ဓာတ်ပုံ တင်ခဲ့ပြီး ပြန်ဖြုတ်လိုက်ပါတယ်။ ခေတ်သစ်သတင်းဌာနကလည်း ဘာမှန်းမသိရတဲ့ ဓာတ်ပုံတစ်ပုံ တင်ခဲ့ပြီး ပြန်ဖြုတ်လိုက်ပါတယ်။

မောင်း ရော၊ ခေတ်သစ် သတင်းဌာနကပါ နောက်ထပ် ထပ်မံပြီး ပုံတစ်ပုံ ထပ်တင်ခဲ့ပါတယ်။



အဲ့ဒီပုံဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက "စစ်ကိုင်း၊ မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို မုံရွာပြည်သူ့ကာကွယ်ရေး မဟာမိတ်(၆)ဖွဲ့ ပူးပေါင်းပြီး ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်" တုန်းက ဓာတ်ပုံပဲ ဖြစ်ပြန်ပါတယ်။ ဘီဘီစီ မြန်မာပိုင်းရဲ့ မူရင်းသတင်းကို ဒီမှာ ဖတ်ပါ။ 

ဧလာ လေတပ်ဆွယ်ကို MKCDF နဲ့ Brave Warriors for Myanmar (BWM) က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့သလား၊ မတိုက်ခိုက်ခဲ့ဖူးလား ကျနော် အတည်မပြုနိုင်ပါ။ ဒါပေမယ့် တိုက်ခိုက်ခဲ့တယ်လို့ဆိုပြီးရေးတဲ့ သတင်းတွေမှာ သုံးထားတဲ့ပုံတွေမှာ ပထမနဲ့ ဒုတိယ နှစ်ကြိမ်စလုံးဟာ ပုံအဟောင်းနဲ့ ပုံအလွဲတွေသာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းတစ်ပုဒ်ကို ဒီမှာ ဖတ်ပါ။ 

You can treat me a cup of coffee.

wave

Press ESC to close