နောက်နေ့မနက်မှာ ကျွန်တော် စောစော ထတယ်။ မနက် ၈ နာရီမှာ ချေးငွေ ယွမ် ၁၀ သန်းအကြောင်း ဆွေးနွေးဖို့ တရုတ်ဆောက်လုပ်ရေးဘဏ်က ချေးငွေ မန်နေဂျာနဲ့ ကျွန်တော် ချိန်းထားတာရှိတယ်။ လန်ယုက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေဆဲပဲ။ ကျွန်တော် သူ့ကို မနှိုးချင်ဘူး။ အဲဒါကြောင့် ကျွန်တော် မနက်စာကို အခန်းမှာ မှာစားပြီး စာတိုတစ်စောင် ရေးလိုက်ပါတယ်။ အလုပ်အကြောင်းကို မေ့လိုက်ပါ။ ကျောင်းစာကိုပဲ အာရုံစိုက်။ မင်းလိုအပ်တာတစ်ခုခုရှိရင် လျူကျန်းကို ဆက်သွယ်ပါ။ ကျွန်တော် ဘောလ်ပင်ကို ချလိုက်တယ်။ ပြီးတော့ ဆက်ရေးပြန်တယ်။ မပြန်ခင် မနက်စာမှာစားသွားဦး။ ပြီးတော့ စာဘေးနားမှာ ယွမ် ၁၀၀၀ တန်တစ်ရွက်ထားခဲ့လိုက်တယ်။ ကျွန်တော် အဲဒီထက်မက ထားခဲ့ချင်ပေမယ့် သူလောဘကြီးလာမှာစိုးလို့ မထားခဲ့ဘူး။ နောင်တစ်ကြိမ်မှာ လမ်းမှာတွေ့လို့သူက အကြောင်းပြချက်ခိုင်ခိုင်မာမာ မရှိပဲ ဒီထက်ပိုတောင်းလာရင် ကျွန်တော် ငြင်းရခက်မှာကို သိနေပါတယ်။
အဲဒီနေ့မှာပဲ ကျွန်တော် ချေးငွေ ကိစ္စ အပြီးသတ်လုပ်ပြီးတဲ့နောက် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေကို ဟူနန်စတိုင်စားသောက်ဆိုင်ကို ခေါ်သွားလိုက်ပါတယ်။ ကျွန်တော်တို့ ထိုင်မယ်တောင်မကြံရသေးဘူး၊ မန်နေဂျာရောက်လာပြီး လျူကျန်းဖုန်းခေါ်နေတယ်လို့ ပြောပါတယ်။ ကျွန်တော် စားပွဲကနေ ထပြီး စားသောက်ဆိုင်ရှေ့မှာရှိတဲ့ ကောင်တာဆီသွားလိုက်ပါတယ်။
“မနက်က မင်းထွက်သွားတော့ ကောင်လေး အိပ်နေတုန်းပဲလား”
“ဟုတ်တယ်လေ၊ဘာဖြစ်လို့လဲ”
“ဟိုတယ်က ဖုန်းဆက်တယ်။ အခန်းထဲမှာ မင်း ယွမ် ၅၀၀တန် တစ်ရွက်နဲ့ စာတစ်စောင်ကျန်ခဲ့တယ်လို့”
“ဘာစာလဲ”
“စာထဲမှာ သူဟာ မင်းထားခဲ့တဲ့ ပိုက်ဆံတစ်ဝက်ကိုပဲ ယူသွားတယ်လို့ ပြောတယ်။ အဲဒါက ချေးတာပါတဲ့။ပိုက်ဆံရှိတဲ့ အခါ ပြန်ဆက်ပါမယ်တဲ့”
ကျွန်တော် ဘာပြန်ပြောရမှန်းမသိအောင် ခဏလောက် ဇဝေဇဝါဖြစ်လို့သွားတယ်။ “ကောင်းပြီလေ။ လောလောဆယ် ကျွန်တော် အလုပ်ရှုပ်နေတယ်။ နောက်မှပြောတာပေါ့” ကျွန်တော် ဖုန်းချပြီး ပြုံးလိုက်တယ်။ အရင်က တွေးထားတာထက် လန်ယုနဲ့ ပိုတွေ့ရတော့မှာပါပဲ။
မီးခိုးငွေ့ထူထူ၊ လူထူထူဖြစ်နေတဲ့ စားသောက်ဆိုင်ကနေ ပြန်တဲ့လမ်းမှာ လန်ယုရဲ့ ပုံရိပ်ကို ခေါင်းထဲကနေ ထုတ်လို့ မရဘူးဖြစ်နေတယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေ ထိုင်နေတဲ့ သီးသန့် ညစာစားခန်းထဲကို ကျွန်တော်ရောက်တော့ ဟူနန်ငရုတ်သီးတွေရဲ့ မွှေးကြိုင်လွန်းတဲ့ အနံ့တွေက ကျွန်တော့်ရဲ့ အာရုံကို လာရိုက်ခတ်ပါတယ်။ လန်ယုရဲ့ နှုတ်ခမ်းကို ကျွန်တော် ပုံဖော်ကြည့်မိတယ်။ ပထမတော့ တင်းတင်းစေ့ထားပြီး ပြန်တုန့်ပြန်မှုမရှိ။ နောက်တော့ အမှိန်ဖျဆုံး အပြုံးလေးနဲ့ ကျွန်တော့်ကို နမ်းလာ။ ကျွန်တော့် နှလုံးသားက တဒိတ်ဒိတ် ခုန်လာတော့တာပဲ။ ကျွန်တော် ထိုင်ချလိုက်ပြီး အပေါင်းအသင်းတွေနဲ့ ဝိုင်ခွက်တိုက်ချိန်မှာ အားပါးတရကို ရယ်မောလိုက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့် ဘောင်းဘီထဲမှာ မာကြောနေတာကို ဖုန်းကွယ်ချင်လို့။
◼︎
အခန်း (၃)
ဟောင်မေက ဖက်စပ်ကုမ္ပဏီတစ်ခုက အရောင်းစီမံခန့်ခွဲမှုမှာ အလုပ်လုပ်ပါတယ်။ သူမဟာ ကျွန်တော့်ရဲ့ ကောင်မလေးပါ။ လှပပြီး၊ ပရော်ဖက်ရှင်နယ်အမျိုးသမီးဆိုတဲ့ ထူးခြားတဲ့ လက္ခဏာတွေရှိတာကြောင့် ကျွန်တော် သူမကို သဘောကျပါတယ်။
မိန်းမတွေနဲ့ ပက်သက်လာရင် ကျွန်တော့်အကြိုက်နှစ်မျိုးရှိပါတယ်။ ပထမအမျိုးအစားက ကောလိပ်ကျောင်းသူတွေပါ။ ဒုတိယအမျိုးအစားက ဟောင်မေလိုမျိုးပေါ့။ သောက်ကြီးသောက်ကျယ်နိုင်တဲ့ စူပါမော်ဒယ်လိုဟာမျိုးတွေကို ကျွန်တော် သည်းမခံနီုင်ပါဘူး။ သူတို့တွေက အားလုံးကို လိုချင်ကြပါတယ်။ ဒါပေမယ့် အဲဒါတွေက သုံးပြီးသားတွေပါ။ သူတို့တွေမှာ လွှင့်ပစ်ရမယ့် အသုံးမကျတဲ့ ပင်ကိုယ်စရိုက်တွေ အများကြီးရှိပါတယ်။ ယောကျ်ားတွေနဲ့ ပက်သက်လာရင်တော့ ကျွန်တော်ဟာ ပန်းချီဆရာတွေ၊ ဂီတသမားတွေလို တီထွင်ဖန်တီးမှု ရှိတဲ့ ပုံစံမျိုးတွေကိုပဲ ကြိုက်ပါတယ်။ အဲဒီလိုလူမျိုးတွေက တစ်ခါသုံး အရာတွေကို ပိုကြိုက်နှစ်သက်ကြတယ်။ သူတို့အများစုက ငွေကြေးကြောင့် လုပ်တာ ဖြစ်တတ်သလို အသစ်အဆန်းနဲ့ စိတ်လှုပ်ရှားမှုကို လိုချင်တာကြောင့်လည်း ဖြစ်တယ်။ ကောလိပ်ကျောင်းသားတွေလား။ ကျွန်တော် သူတို့နဲ့ တစ်ခါမှ မအိပ်ဖူးဘူး။ သူတို့နဲ့ မအိပ်ချင်လို့တော့ မဟုတ်ပါဘူး။ အခွင့်အရေး မရဖူးတာပါ။
အမှန်အတိုင်းပြောရရင် မိန်းကလေးတွေ ရဖို့ထက် ယောကျ်ားလေးတွေ ရဖို့ ရှာရတာ အများကြီး ပိုခက်တယ်။ အထူးသဖြင့် အရည်အသွေးရှိတဲ့ ယောကျ်ားမျိုးပေါ့။ ယောကျ်ားတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ထက် ခင်ဗျားနဲ့ အတူ အိပ်ယာထဲ လိုက်အိပ်ဖို့ အချိန်ပိုမြန်တယ်။ဒါပေမယ့် သိက္ခာရှိတဲ့ ယောကျ်ားတစ်ယောက်ဟာ ဒါမျိုးတွေနဲ့ ပက်သက်ပါ့မလား။ အနည်းနဲ့ အများပါပဲ။ အဲဒါကြောင့် ကျွန်တော်ဟာ အရည်အသွေးရှိတဲ့ ယောကျ်ားတွေကို အကြိုက်ဆုံးပဲ။ သူတို့ကို အမဲလိုက်ရတဲ့ အရသာကိုလည်း ကြိုက်တယ်။
ဟောင်မေဟာ တောင်ပိုင်း၊ဂွမ်ဒေါင်း ပြည်နယ်ကပါ။ သူမရဲ့ ဖွင့်ဟဝန်ခံချက်အရတော့ သူဟာ ပေကျင်းကို ယောကျ်ားတစ်ယောက်ကြောင့် ရောက်လာခဲ့တာပါတဲ့။ “ယောကျ်ားတစ်ယောက်ရဲ့ အမှားတစ်ခု” လို့ သူကပြောပါတယ်။ သူဘာပြောပြော ကျွန်တော် ယုံပါတယ်၊ သိပ်လည်း လေးလေးနက်နက် မရှိလှပါဘူး။
ဟောင်မေနဲ့ ပက်သက်ပြီး ကျွန်တော် အကြိုက်ဆုံးက သူမရဲ့ ချောမောလှပတဲ့ ရုပ်ရည်ရူပကာ မဟုတ်သလို၊ ဟာသဉာဏ်၊ထက်မြက်ပြီး အကဲဆတ်တဲ့ စိတ်လည်း မဟုတ်ပါဘူး။ဟေင်မေနဲ့ ပက်သက်လို့ ကျွန်တော် အကြိုက်ဆုံးကတော့ လုံးဝိုင်းစွင့်ကားနေတဲ့ သူမရဲ့ တင်ပါးတွေပါပဲ။ သူမဟာ အာရှမိန်းကလေး အများစုလို တင်ပါးပြားပြားနဲ့ မဟုတ်ပါဘူး။ သူမရဲ့ တင်ပါးဟာ ပြည့်တင်းပြီး ကောက်ကြောင်းတွေရှိသလို၊ အဆီနဲ့ တဝင်းဝင်းပါ။ သူမလမ်းလျှောက်လိုက်တိုင်း ဒေါင်းရဲ့ အမြီးတွေလို သူမရဲ့ တင်ပါးက ငွားငွားစွင့်စွင့်ရှိလှပါတယ်။ ကျွန်တော်တို့ ပုံစံနှစ်မျိုးနဲ့ပဲ ဆက်ဆံကြပါတယ်။ တစ်မျိုးက ကျွန်တော်က ခုံပေါ်မှာထိုင်တယ်။ ကျွန်တော်က သူမရဲ့ တင်ပါးကို ဆော့ကစားနေချိန်မှာ သူမက အပေါ်ကနေ ကျွန်တော့်ကိုစီးတယ်။ ဒါမှမဟုတ် သူမက ခြေထောက်နှစ်ဖက်၊လက်နှစ်ဖက်လုံးကို အိပ်ယာပေါ်မှာ ထောက်ထားချိန် ကျွန်တော်က အနောက်ကနေ နေတယ်။ ကျွန်တော်က ဒုတိယနည်းကို ပိုကြိုက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်က သူမရဲ့ ထူထဲပြီး အသားများလှတဲ့ တင်ပါးကို မုန့်အိတ်ကြီးလို နယ်နေလို့ရတယ်။ ကျွန်တော် အကြိုက်ဆုံးက သူမရဲ့ တင်ပါးလို့ သူမကို ပြောလို့မရပါဘူး။ ပြောလိုက်ရင် ကျွန်တော့်ကို နှာဘူးလို့ သတ်မှတ်ပါလိမ့်မယ်။ လန်ယု နဲ့ တွေ့တဲ့နေ့မှာ သူမနဲ့ ကျွန်တော် ဒိတ်နေခဲ့တာ နှစ်ဝက်ရှိနေခဲ့ပါပြီဖြစ်ပြီး သူမအတွက် ယွမ် ရှစ်ထောင်၊ကိုးထောင်လောက် သုံးခဲ့ပြီးပါပြီ။ အဲဒီငွေ ပမာဏက ဘာမှမဟုတ်တဲ့ လက်ဆောင်တွေ အတွက် သုံးတာပဲရှိပါသေးတယ်။
◼︎
နေရောင်တောက်ပပြီး အေးစိမ့်စိမ့်ဖြစ်နေတဲ့ တနင်္ဂနွေ မနက်ခင်းတစ်ခုမှာ ကျွန်တော် စောင်ခြုံပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့နေပါတယ်။ လက်တစ်ဖက်က ပျင်းရိလေးတွဲ့စွာနဲ့ ဟောင်မေရဲ့ တင်ပါးကြီးပေါ် ရောက်လို့နေပါတယ်။ နိုဝင်ဘာလ ကုန်ခါနီးနေပါပြီ။ မကြာခင် သစ်ပင်တွေ ပေါ်က သစ်ရွက်တွေ ကျလာတော့မှာပါ။ လန်ယုနဲ့ တွေ့တဲ့ နေ့ကနေဆို အချိန်နှစ်လရှိခဲ့ပါပြီ။
အပူပေးစက်က အခန်းထောင့်မှာ တိုးတိုးလေးအော်မြည်နေတယ်။ ညတုန်းက ကျွန်တော်တို့သောက်ခဲ့တဲ့ ပီနော့နွားဝိုင်ပုလင်းအခွံဟာ ကြမ်းပြင်ပေါ်မှာ လဲကျနေတယ်။ မုန်တင်ခုံပေါ်မှာ ထရီဇာတန်ကတ်ဆတ်ခွေက ခွေတင်စင်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ် ရှိလု့ိနေတယ်။ အဲဒီဘေးမှာတော့ တန်ခေတ်လက်ရာ စဉ့်ထည် ပုံစံကို တုပလုပ်ထားတဲ့ အပေါစား စဉ့်ထည်တစ်ခုရှိတယ်။ နဂါးတစ်ကောင်က မျက်မှောင်ကြုံ့ပြီး အခန်းထဲကို ကြည့်လို့နေတယ်။ အဲဒီပစ္စည်းတွေကို လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ရှန်ဟိုင်းမှာရှိတဲ့ အစ်ကို ဝမ်းကွဲဆီ သွားလည်ရင်းနဲ့ ဟောင်မေ ယူလာခဲ့တာတွေဖြစ်တယ်။ ကတ်ဆတ်တိပ်ခွေက သူမအတွက်၊ နဂါးပုံ စဉ့်ထည်လက်ရာက ကျွန်တော့် အတွက်ပေါ့။ အဲဒီခရီးစဉ်ကို ကျွန်တော် မလိုက်ချင်ခဲ့တဲ့အတွကင် အငြင်းပွားခဲ့ရမှုအတွက် ငြိမ်းချမ်းရေးပြန်ရပါပြီ။
အသံစူးစူး တယ်လီဖုန်း သံက ကျွန်တော့်ကို အိပ်ယာနိုးစေတယ်။ ဟောင်မေက ဖုန်းကို ကိုင်ပြီး ကျွန်တော့်ကို ပေးတယ်။လျူကျန်းဆီကပါ။
“ဘာလို့ ဒီလောက်အစောကြီးဆက်ရတာလဲ” ကျွန်တော် အိပ်ချင်မူးတူးနဲ့ ပြောလိုက်ပါတယ်။
“ဘာလို့ အစောကြီးလို့ပြောတာလဲ။ နာရီကြည့်လိုက်ဦး။ နေ့လည်ရောက်တော့မယ်”
“ဘာဖြစ်ဖြစ်ပေါ့။ ဘာကိစ္စလဲ” လို့ ကျွန်တော် စိတ်မရှည်စွာနဲ့ ပြောလိုက်ပါတယ်။
လျူကျန်းလည်း စိတ်ကြည်နေပုံမပေါ်ဘူး။ ဘယ်လိုပဲပြောပြောပါ၊ သူ စိတ်မကြည်ရင် နေ့တစ်ဝက် ခွင့်ယူလို့ရပါတယ်။
“လန်ယု ဒီမနက် ဖုန်းဆက်တယ်။ သူ့ရဲ့ ကျောင်း နှစ်လည်တန်းပြီးသွားပြီတဲ့။ သူ မင်းကို တွေ့ချင်လို့ထင်တယ်”
ကျွန်တော် ခဏလောက် တိတ်ဆိတ်သွားတယ်။ ဒီအချိန်မှာ ကျွန်တော် သူနဲ့ ထပ်တွေ့ရတော့မှာ မဟုတ်ဘူးလို့ လက်ခံပြီးသားဖြစ်နေပြီ။ သူ ကျွန်တော့်ကို ဆက်သွယ်လိမ့်မယ်လို့မမျှော်လင့်ထားပါဘူး။ ကျွန်တော် သူ့ကို လျူကျန်းရဲ့ ဖုန်းနံပါတ်ပေးခဲ့တာကိုတောင် မေ့လို့နေပြီ။
“မင်း မှတ်မိတယ် မဟုတ်လား။ ဟိုကောင်လေး……”
“သိတယ်၊သိတယ်၊သိတယ်” လို့ ကျွန်တော် မျက်လုံး ပွတ်ပြီး စကားဖြတ်ပြောလိုက်ရတယ်။ “သူ့ကို ခေါ်ထားလိုက်ပါ” ကျွန်တော် နံရံပေါ်က နာရီကို ကြည့်လိုက်တယ်။ “နှစ်နာရီမှာ ကန်းထရီးဘွိုင်းမှာ လာတွေ့လို့ ပြောလိုက်ပါ”
ကျွန်တော် ဖုန်းချလိုက်တယ်။ ကျွန်တော့် ရင်ထဲမှာ စိတ်လှုပ်ရှားမှုှတွေ မြင့်တက်လို့လာတယ်။ ကျွန်တော် အိပ်ယာပေါ်က ထလိုက်တယ်။ ဖုန်းကြိုးကို မဆိုစလောက် ခလုတ်တိုက်မိမလိုဖြစ်သေးတယ်။ ဘောင်းဘီကို ဆွဲတင်လိုက်တယ်။
“အဲဒါ ဘယ်သူလဲ။ အပြင်သွားမလို့လား” ဟောင်မေက အိပ်ယာပေါ်က ထပြီး ကျွန်တော့် ဘက်ကို သတိထားကြည့်ပါတယ်။ သူမ ဆက်သိချင်သေးပေမယ့် နောက်ထပ် အသေးစိတ်တွေ ထပ်မမေးတော့ပါဘူး။ အဲဒါက ကျွန်တော်တို့နှစ်ယောက် တတိယအကြိမ် ဆုံတုန်းက ကျွန်တော် ပြောခဲ့တာကြောင့်ဆိုတာ သံသယဝင်စရာမရှိပါဘူး။ “အလုပ် ဒါမဟုတ် ကိုယ်ရေးကိုယ်တာနဲ့ ပက်သက်ရင် ကိုယ်က မဖြေချင်ဘူးဆိုရင် အဲဒါ ကိုယ့်အတွက် တစ်သီးပုဂ္ဂလ ကိစ္စပဲ။ အဲဒီအချိန်ကျရင် ဆက်မမေးတာ အကောင်းဆုံးပဲ” အဲဒီလို အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုမှုကြောင့်ဟောင်မေဟာ ကျွန်တော့်ကို တစ်ပတ်တစ်ခါလောက် ဖြတ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ လေ့ကျင့်ပေးထားတဲ့ အိမ်မွေးကြောင်တစ်ကောင်လို သူမဟာ ‘မကောင်းဆိုးရွားလေးတစ်ကောင်’ ကို ဘယ်လိုချစ်နေမိပြီလို့ ညဉ်းတွား၊ရေရွတ်ရင်း အမြဲတမ်း ပြန်ရောက်လာတာချည်းပဲ။
“အရင်ထဦး” လို့ပြောရင်း ကျွန်တော် သူ့ အင်္ကျံ ပစ်ပေးလိုက်တယ်။ “ကိုယ်တို့ မနက်စာ အရင်စားကြတာပေါ့။ နေ့လည်မှာ အရေးကြီး ကိစ္စတစ်ခုလုပ်စရာရှိတယ်”
“ဘာလို့ အလျင်လိုနေတာလဲ” လို့ သူမ ရှပ်အကျီဝတ်ရင်းကန့်ကွက်တယ်။
“ဘာမှ မဟုတ်ပါဘူး” လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ “အလုပ်ကိစ္စပါ။ သွားမှဖြစ်မှာ”
ဟောင်မေ မေးခွန်းတွေ ထပ်မမေးတော့ပါဘူး။ ဘယ်အချိန် ပါးစပ်ပိတ်ရမယ်ဆိုတာ သူမ သိပါတယ်။
နေ့လည် နှစ်နာရီရှိပါပြီ။ ကန်းထရီးဘရားသား ဧည့်ခန်းဟာ တိတ်ဆိတ်နေပါတယ်။ တစ်ချို့စားပွဲတွေမှာတော့ စကားပြောနေတဲ့ အုပ်စုလေးတွေ ရှိပါတယ်။ နှစ်နာရီနှစ်ဆယ်မှာတော့ လန်ယုဟာ နောက်ဆုံးတစ်ကြိမ် ကျွန်တော်တွေ့တုန်းက ပုံစံနဲ့ လုံးဝမတူပဲ ရောက်လို့လာပါတယ်။ သူဝင်လာရင်းနဲ့ အခန်းကို ဝိုက်ကြည့်လိုက်ပါတယ်။ ကျွန်တော် မတ်တပ်ထပြီး လက်ပြလိုက်ပါတယ်။
“နောက်ကျသွားတာ တောင်းပန်ပါတယ်” လို့ သူက တိုတိုတုတ်တုတ် ပြောပါတယ်။
“ဘယ်လိုလာတာလဲ”
“ဘက်စ်ကားနဲ့” သူရဲ့ မန်ဒရင်းစကား တိုးတက်လာပါတယ်။ “ကျွန်တော် ခုချိန်ထိ ပေကျင်းကို မကျွမ်းသေးဘူး။ကားပြောင်းစီးတာ တစ်ဆင့်မှားသွားတယ်”
သူစကားပြောနေတုန်း ကျွန်တော် သူ့ကို ခေါင်းစ ခြေဆုံးကြည့်မိပါတယ်။ လအနည်းငယ်အတွင်းမှာ သူဟာ အရပ်ရှည်လာသလိုပဲ။ သူ မပြုံးပြပါဘူး။ ဒါပေမယ့် ပထမဆုံး အကြိမ်တွေ့တုန်းကလို သူ့မျက်နှာမှာ စိတ်ပျက်နေတဲ့ အရိပ်အယောင်မရှိတော့ပါဘူး။ သူ့မျက်နှာမှာ ကျေနပ်နေတဲ့ လက္ခဏာတောင် တွေ့နေရပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှုခပ်ရေးရေးတော့ သူ့မျက်လုံးထဲမှာ ကျန်နေပါသေးတယ်။ အဲဒါကတော့ မပြောင်းလဲသေးပါဘူး။
“နောက်တစ်ခေါက်ဆို တက္ကစီ စီးလာခဲ့” သူ့မျက်လုံးကို ကြည့်နေရာကနေ ဖယ်ပြီး ကျွန်တော် စကားစကို အာရုံပြန်စိုက်လိုက်တယ်။ “ဒါမှမဟုတ် အချိန်ရရင် ငါလာကြိုမယ်” သူ့ကို အခန်းခေါ်သွားဖို့ကျွန်တော် ဓာတ်လှေကားဘက် လျှောက်လိုက်တယ်။
လန်ယု နောက်ကလိုက်လာပါတယ်။ ဒါပေမယ့် သူတွန့်ဆုတ်နေပါတယ်။ “ကျွန်တော်တို့ အပေါ်တက်ဖို့ လိုလို့လား” လို့ သူကမေးတယ်။
“အာ၊ မင်းက တစ်နေရာရာ သွားချင်လို့လား။ မင်းဘယ်သွားချင်မှန်း ငါမသိလို့”
“မသိဘူး။ တစ်နေရာရာ သွားမလား”
“အခုလား” အဲဒီစိတ်ကူးကကြောင်ပါတယ်။ “မင်း ချမ်းလိမ့်မယ်” ဆောင်းဦးနှောင်းပိုင်းကာလရောက်နေပါပြီ။သူက ဂျက်ကတ် ပါးပါးလေးပဲ ဝတ်ထားတယ်။ အေးစိမ့်နေတဲ့ ဆောင်းလေဒဏ်ကို ခံနိုင်ဖို့ မလွယ်လှပါဘူး။
“စောပါသေးတယ်။ အပြင်မှာ သိပ်မအေးလောက်သေးပါဘူး”
“ကောင်းပြီလေ” ကျွန်တော့် အသံက ပုံမှန်ထက် ပိုမာကျောသွားတယ်။ “ဧည့်ခန်းထဲက ဟိုဘက် ကော်ဖီဆိုင်လေးမှာ ခဏလောက်သွားထိုင်ရအောင်။ ကျွန်တော် ကော်ဖီဆိုင်လေးဘက်လျှောက်သွားလိုက်ပါတယ်။ ဒီကောင်လေးက ကျွန်တော့်ကို ခြိမ်းခြောက်အကျပ်ကိုင်ဖို့ ဒါမှဟုတ် ပိုပြီးနက်ရှိုင်းတဲ့ အချစ်ရေးမျိုးလိုချင်ခဲ့ရင်တော့ သူ လုံးဝမှားသွားပါလိမ့်မယ်။
◼︎
ကျွန်တော်တို့ စားပွဲခုံလေးမှာထိုင်လိုက်ပါတယ်။ စားပွဲထိုးမလေးက သောက်စရာတွေ လာချချိန်မှာ လန်ယု တိတ်ဆိတ်လို့နေပါတယ်။ ကျွန်တော် ချွန်းဝှာ စီးကရတ်ကို မီးညှိလိုက်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ တံဆိပ်ပါ။
“မင်း ကျောင်းတက်တုန်းပဲလား” စီးကရတ်မီးခိုးကို မှုတ်ထုတ်လိုက်ပြီး ကျွန်တော် သူ့ကို အကဲဖြတ်ဆန်းစစ်ကြည့်လို့နေတယ်။ “ဘာ့ကြောင့် ဖုန်းဆက်ဖြစ်တာလဲ”
လန်ယုဟာ သူ့ထိုင်ခုံမှာ ရှက်ကိုးရှက်ကန်း ဖြစ်လို့သွားတယ်။ “အဆောင်ကနေ ခဏလောက် အပြင်ထွက်နေချင်လို့ပါ” လို့ လန်ယုက အေးဆေးတည်ငြိမ်စွာ ပြောပေမယ့် သူ့အသံက အခက်တွေ့နေတာ ထင်ရှားလှတယ်။ သူ စိတ်လှုပ်ရှားစွာနဲ့ ဆိုဒါတစ်ကျိုက်မော့လိုက်တယ်။ အချိန်ကြာတိတ်ဆိတ်သွားတယ်။ တိတ်ဆိတ်မှုက ပိုကျယ်လောင်လာတယ်။ဒီလိုကစားပွဲကို ကျွန်တော် စိတ်ကုန်လာပြီ။
“ငါပြောမယ်” လို့ ကော်ဖီခွက်ကို စားပွဲပေါ်တင်ရင်း ကျွန်တော် ပြောလိုက်တယ်။ “ပြောစရာရှိရင် ပြောလိုက်။ ငါ ဒီကနေ သုံးနာရီထိုးရင် ထွက်ရမယ်”
“ဟုတ်၊အထွေအထူးတော့ မရှိပါဘူး” လို့ သူပြန်ပြောတယ်။ “ကျွန်တော် စကားပြောချင်ရုံသက်သက်ပါပဲ။ ကျွန်တော် ကျောင်းကို အခုပဲပြန်လိုက်ပါတော့မယ်” သူမတ်တပ်ထရပ်လိုက်တယ်။ ကျွန်တော်က ထိုင်နေပြီး သူ့ကို ကြည့်နေတုန်းပဲ။ သူဟာ စိတ်ခံစားမှုလွန်ကဲနေတာဖြစ်ရမယ်။ ဒါပေမယ့် သူ့ရဲ့ သူ့ကိုယ်သူ တန်ဖိုးထားမှုရှိတာတော့ ငြင်းမရပါဘူး။ သူ ဒီလို ထိုင်ရုံထိုင်နေပြီး သောက်ရူးတစ်ယောက်လို လုပ်နေမှာတော့ မဟုတ်ပါဘူး။
ကျွန်တော် ထိုင်နေတုန်းပဲ။ “ငါမင်းကိုလိုက်ပို့ပါရစေ”
“ဟာ ရပါတယ်” လို့ သူက ယဉ်ကျေးတဲ့ အပြုံးစစလေးနဲ့ပြောတယ်။ ဘာလဲဟ၊ ကျွန်တော် မယုံနိုင်လောက်အောင်ဖြစ်ပြီး ရယ်မိတယ်။ သူ ကျွန်တော့်ကို ငြင်းပယ်နေတာနဲ့တင် တော်တော် ဆိုးလှပြီ၊ဒါပေမယ့် သူ အဲဒီအတွက် ဒီလောက်ကြီး တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ မသင့်ပါဘူး။ ပြီးတော့ သူ့လို တောမြို့လေးက လာတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ ဘယ်လိုကြောင့်များ ခုလို အထက်တန်းလွှာဆန်တဲ့ ဟန်ဆောင်ပန်ဆောင်ရည်မွန်မှုတွေရှိနေရတာလဲ။
“စော်ကားမိသလိုမျိုးများ ဖြစ်သွားလား၊ ဘဲကြီး” လို့ ပြန်မလို့ ဂျက်ကတ်အကျီယူနေတဲ့ သူ့ကို ကျွန်တော်ကြည့်ပြီးမေးလိုက်တယ်။
“ဟူး” သူကျွန်တော့်ကို ဇဝေဇဝါနဲ့ကြည့်နေပါတယ်။ ပေကျင်းမြို့က ဟာသကို သူ အကျွမ်းမဝင်သေးတာ သိသာလွန်းတယ်။
အဲဒီ စကားက ကျွန်တော် လန်ယုကို အချိန်နည်းနည်းလောက်ထပ်နေဖို့ ကလိန်စေ့ ငြမ်းဆင်လိုက်တာပါပဲ။ ကျွန်တော့်လုပ်ကွက်က ဒီလိုပါ။ ပထမဆုံးက၊ ကျွန်တော် သူ့အဆောင်ကို ကားမောင်းပြန်ပို့ဖို့တောင်းဆိုမယ်။ သူ သဘောတူတဲ့အခါ ကျွန်တော့် အခန်းမှာ ကားသော့ သွားယူဖို့ လိုက်ခဲ့လို့ သူ့ကို ခေါ်မယ်။ သူက ကျွန်တော့်ကို ဟိုတယ်ဧည့်ခန်းမှာပဲ စောင့်နေမယ်လို့ပြောမယ်၊ ကျွန်တော်က သူ့ကို ငါ့ကို တစ်ယောက်ထဲ ဟိုတယ်ထဲ အိပဲ့အိပဲ့ လတ်လျားလတ်လျား လျှောက်မနေခိုင်းနဲ့လို့ ကန့်ကွက်မယ်။ နောက်ဆုံးတော့ အချီအချပြောရင်းနဲ့ သူ ကျွန်တော့်စကားကို လက်ခံပြီး၊ အပေါ်ထပ်လိုက်လာတယ်။
သူ ကျွန်တော့် အခန်းထဲ ရောက်ရောက်ချင်းမှာပဲ ကျွန်တော် လိုရင်းရောက်ဖို့ အချိန်မဖြုန်းပဲ လှုပ်ရှားမှာပါ။ ကျွန်တော် လန်ယုနောက်ကနေ လိုက်ခဲ့တယ်။ သူ အခန်းထဲ ဝင်တော့ ကျွန်တော် သူ့ခန္ဒာကိုယ် အပေါ်ပိုင်းကို သိုင်းပြီး တင်းတင်းကျပ်ကျပ် ဖက်လိုက်တယ်။ ကျွန်တော်က အဝင်တံခါးကို ကျောမှီပြီး သူ့ကို ဆွဲကပ်ထားလိုက်တယ်။ သူ မငြင်းဆန်ပေမယ့်၊ ကျွန်တော် မျှော်လင့်ထားသလို စိတ်ကြွလာတဲ့ ကျေနပ်မှုမျိုးနဲ့လည်း မတုန့်ပြန်ဘူး။ ကျွန်တော် သူ့ရဲ့ လည်ပင်းတစ်လျှောက် အနမ်းမိုးတွေ ရွာတော့မှ သူ့ရဲ့ ရင်ဖိုမှုစိတ်ခလုတ်တွေ ပွင့်လာတော့တယ်။
သူ့ကို ဆွဲလှည့်ပြီး နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း နမ်းလိုက်မယ်လို့တွေးလိုက်တာဟာ အမှန်ပါပဲ။ ရိုးအတဲ့ ပုံစံ လုပ်နေတာ ရပ်လိုက်ရမယ်။ လန်ယုရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာဝိုင်းဝိုင်းလေးကို ကျွန်တော် ငုံ့ကြည့်လိုက်တယ်၊ သူ ခေါင်းငိုက်စိုက်ကျ အိပ်ပျော်သွားတာကိုတွေ့ လိုက်တယ်။ သူ တစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲနစ်လို့နေတယ်။ သူ့ရဲ့ မျက်ခုံးမွေးတွေမှာတောင် ပုလဲလုံးလေးတွေလို ချွေးသီးလေးတွေ တွဲလွဲခိုလို့နေပြီ။ ငယ်ရွယ်နုပျိုသေးတဲ့ သူ့ရဲ့ ပါးနှစ်ဖက်မှာ ရှက်သွေးတွေ ဖြန်းဖြန်းထလို့နေပါပြီ။ ရုတ်တရတ် သူပြန်နိုးလာပြီး၊ကျွန်တော့်ကို တွေ့တော့ သူ ပြုံးပြတယ်။ ဒါပေမယ့် ချက်ချင်းပဲ လေးလံ၊ထူအမ်းနေတဲ့ သူ့ရဲ့ မျက်ခွံတွေဟာ ပြန်ပိတ်လို့သွားတယ်။
“မင်း တော်တော် ချွေးထွက်တာပဲ” လို့ ကျွန်တော် သူ့ရဲ့ ရင်ဘတ်ပေါ် ကျွန်တော့် လျှာကို ပြေးလွှားနေတုန်း ရယ်ရင်း ပြောလိုက်တယ်။ “နောက်တစ်ခါ မင်း ဟင်းချက်ရင် ဆားတောင် လိုမှာမဟုတ်ဘူး။ ဒယ်အိုးထဲ ချွေးတွေ ညှစ်ချလိုက်ရုံပဲ”
လန်ယု မျက်လုံးတွေ ဖွင့်လို့လာတယ်၊ အားမရှိစွာနဲ့ ပြုံးပြတယ်။
“တကယ်ပြောတာ” လို့ ကျွန်တော် သူ့ကို ရယ်ရွှန်းပက်ရွှန်း နဲ့ သူ အိပ်ငိုက်ပြေအောင် ပြောလိုက်တယ်။ “နောက်တစ်ကြိမ် မင်းလိုအပ်တဲ့ အခါ ငါ့ဆီသာ ဖုန်းဆက်လိုက်။အကြာကြီးစောင့်မနေနဲ့။ ပညာရှင် ငါးယောက်မှာ လေးယောက်က သဘောတူညီထားတာ ရှိတယ်။ လူငယ်တစ်ယောက်အနေနဲ့ အချိန်တော်တော်ကြာ လိင်ဆက်ဆံမှု မရှိတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးတဲ့”
ဒီစကားက သူ့ကို အိပ်ပျော်ရာကနေ နိုးထသွားစေတယ်။ သူ့အပြုံးပျောက်ကွယ်သွားတယ်၊ ကျွန်တော့်ကို အနာတရဖြစ်နေတဲ့ မျက်နှာ အမူအယာနဲ့ ပြောတယ်။ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် အဲဒီအတွက် ဒီကိုလာတာမဟုတ်ဘူး”
“ဒါဆို ဘာလို့ ဒီကိုလာတာလဲ” လို့ ကျွန်တော် မထီမဲ့မြင်ပုံစံနဲ့ မေးလိုက်ပါတယ်။ ကျွန်တော် အပေါ့သွားတော့မယ်ဟန်ဆောင်ပြီး အိပ်ယာထဲကနေ ထလိုက်ပါတယ်။ အမှန်ကတော့ လန်ယုနဲ့ ကျွန်တော့်ကြားက အချိန်ရှည်လျားလှတဲ့ မျက်လုံးချင်းဆက်သွယ်မှုက ကျွန်တော့်ကို တော်တော့်ကို မသက်မသာ ဖြစ်နေစေတာပါ။
“ဘာမှမဟုတ်ပါဘူး” လို့ သူက အထစ်ထစ် အငေါ့ငေါ့နဲ့ပြောပါတယ်။ “ကျွန်တော်…. ကျွန်တော့် အဆောင်က ကျွန်တော့် အတန်းထဲက တစ်ယောက် မနေ့က သေသွားတယ်။ သူက ကျွန်တော့် အိပ်ယာအောက်က အိပ်ယာမှာ အိပ်တာ။ ကျွန်တော် အခု အဆောင်မှာ မနေချင်လို့”
“ဖြစ်ရလေကွာ” လို့ ကျွန်တော် ရေချိုးခန်းထဲကနေ ခေါင်းပြူထွက်ပြီး ရေရွတ်လိုက်တယ်။ “သူ ဘယ်လို သေသွားတာလဲ”
“အားကစား အချိန်မှာ ကစားနေရင်း ဇက်ကျိုးပြီး သေသွားတာ” လို့ သူက သူ့လည်ပင်းကို လက်ညှိုးထိုးပြရင်းပြောတယ်။ “အဓိကကတော့ ကျွန်တော်တို့ အတန်းမှာ တောကလာတာဆိုလို့ သူတစ်ယောက်ပဲရှိတယ်။ တောကျောင်းကလာတဲ့သူတွေက အားကစားအတန်းဆိုတာ ကို မသိကြ၊မရင်းနှီးကြဘူး။ အဲဒီတော့ သူ ဘာမှမသိဘူး။ သူက ကျွမ်းထိုးလေ့ကျင့်ခန်းမှာ မအောင်မှာကို တော်တော် ကြောက်ခဲ့တယ်။ ကျွန်တော့်ကို သူနဲ့ အတူ လိုက်လေ့ကျင့်ဖို့ သူ ခေါ်ခဲ့တယ်။ ဒီမနက်တော့ သူ့မိဘတွေ ရောက်လာခဲ့ပါတယ်။ သူ့အမေက တော်တော်ကြီးကို ငိုခဲ့တာ၊ သတိလစ်တဲ့ ထိအောင်ပဲ။ သူက တစ်ဦးတည်းသောသား။ ပြီးခဲ့တဲ့ အပတ်ကတောင် အိမ်ကနေ ဒီလိုခွဲလာရလို့ ဘယ်လိုတောင် အသက်ရှင်ရမလဲလို့ သူပြောသေးတယ်” လန်ယုက ကျွန်တော့်ကို ကြည့်တယ်။ “သူ အသက်ရှင်ပါ့မလားလို့ သူမပြောခဲ့သင့်ဘူး။ အဲဒီလို ပြောတာဟာ နိမိတ်မကောင်းဘူး”
“ဟုတ်တာပေါ့” လို့ ကျွန်တော် အိမ်သာကနေ ပြန်လာတော့ ခါးခါးသီးသီး ပြောမိတယ်။ “သေတာက ဘာမှမဟုတ်ဘူး။ ကျန်ရစ်ခဲ့တဲ့ လူတွေအတွက်သာ ဝမ်းနည်းမိတာ” လန်ယုဟာ ဒီစကားကြောင့် တိတ်ဆိတ်သွားပါတယ်။ ကျွန်တော် အဲဒီလို ပေါ့ပေါ့တန်တန် မှတ်ချက်စကားပြောမိတဲ့အတွက် နောင်တရမိသွားတယ်။
“ဟေး” ကျွန်တော် သူ့ဘေးမှာ ထိုင်၊ကျွန်တော့်လက်ကို သူ့လက်မောင်းပေါ်တင်ပြီး နုနုညံ့ညံ့ပြောလိုက်တယ်။ “သိပ်အများကြီးတွေးမနေပါနဲ့ကွာ” ကျွန်တော် မတ်တပ်ရပ်လိုက်တယ်။ ကျွန်တော့် ဘက်ရောက်လာအောင် ဆွဲခေါ်နိုင်ဖို့ သူ့လက်မောင်းကို ကျွန်တော် ဆုပ်ကိုင်ထားတယ်။ “ရေမိုးချိုးပြီး၊အောက်ထပ်က နိုက်ကလပ်ကို သွားရအောင်”
လန်ယုဟာ သူ့လက်မောင်းကို ဆုပ်ထားတာကို စိတ်မဝင်စားပဲ၊သူ့လက်ကို သူ့ခေါင်းပေါ် ရွှေ့လိုက်တယ်။ ပြီးတော့ တစ်ခုခုကို စဉ်းစားနေတဲ့ ပုံစံနဲ့ ပြောတယ်။ “အစ်ကိုပြောတော့ သွားရတော့မယ်ဆို” လို့ သူကမေးတယ်။ ကျွန်တော် နံရံမှာ ချိတ်ထားတဲ့ နာရီကိုလှမ်းကြည့်တော့ ငါးနာရီထိုးနေပြီ။
“မသွားဖို့ဆုံးဖြတ်လိုက်ပြီ” လို့ပြောပြီး ရေချိုးမလို့ ရေချိုးခန်းထဲပြန်ဝင်လိုက်တယ်။ “အဲဒီကိစ္စက သိပ်အရေးမကြီးဘူး”
အခန်း (၅) ဆက်ရန်...