အာဆာ အရင်တကြိမ်ထက် စနစ်ကျလာနိုင်သလား

စက်တင်ဘာ ၁၄ ကစလို့ တလကြာ ရပ်မယ်လို့ ကြေညာထားတဲ့ ရိုဟင်ဂျာ ဆယ်ဗေးရှင်း အာမီ ဟာ ပြင်ဆင်ဖို့ အချိန်ယူလိုက်တာ ဖြစ်သလို ဒီလမှာ တလပြည့်သွားပြီဖြစ်လို့ အရင်ကထက် ပိုပြီး စနစ်ကျကျ တိုက်ခိုက်လာနိုင်ချေရှိပါတယ်။

ဒီအတောအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ ဒီဖက်က ပြေးသွားသူတွေကို လူသစ်စုဆောင်းတာတွေ အပါအဝင် လက်ရှိပြဿနာကြောင့် တိုက်ပွဲဝင်လာမယ့် ဘင်္ဂလားဒစ်ရှီအသစ်တွေလည်း ပါလာမယ်လို့ ယူဆပါတယ်။

အိန္ဒိယအစိုးရရဲ့ ထောက်လှမ်းရေးထုတ်ပြန်ချက်တွေအရ အာဆာ ဆီကို ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့တွေက လက်နက်တွေ ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အရင်တကြိမ်လို လူ ၃၀၀ မှာ လက်နက် ၅ လက်လောက်ပါတာမျိုး မဟုတ်ဘဲ လက်နက်တပ်ဆင်မှုပိုကောင်းလာဖို့ ရှိပါတယ်။

တဖက်မှာ အိန္ဒိယနဲ့ မြန်မာအစိုးရတို့က အာဆာကို အကြမ်းဖက်အဖွဲ့လို ကြေညာပြီး ဖြစ်ပေမယ့် "ဂရုတစိုက်စောင့်ကြည့်နေတယ်" လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ဆိုပေမယ့် သူတို့အစိုးရကတော့ အကြမ်းဖက်အဖွဲ့လို့ ခုချိန်ထိ ကြေညာတာမျိုး မရှိသေးပါဘူး။

 

အာဆာရဲ့ လော်ဘီအဖွဲ့တွေဟာ နိုင်ငံတကာမီဒီယာမှာ အသာစီးရနေသလို ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေပေါ် မျက်နှာသာ ရထားတာ ဖြစ်လို့ ဒီတကြိမ်မှာ ဗျူဟာအရ အားကောင်းနေပါတယ်။ ပိုပြီး စနစ်တကျလုပ်မယ့် အလားအလာရှိပါတယ်။

 

ဒီချိန်မှာ မြန်မာဖက်က အရင်လို ၆ လနဲ့ သင်တန်းဆင်းထားတဲ့ မနူးမနပ်ရဲတပ်သားလေးတွေကို ဆက်ထားမလား၊ နှစ်နိုင်ငံ စစ်ရေးသဘောအရ နယ်စပ်မျဉ်းပေါ်မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ မြန်မာစစ်တပ်တို့ရဲ့ အခြေနေတွေကိုလည်း ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။

မြေပြင်သတင်းတွေ အရ ဒေသခံမွတ်ဆလင်တွေကို တိမ်းရှောင်နေဖို့ သြဇာကြီးတဲ့မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တွေက ဖိအားပေးနေတာတွေ ရှိသလို ဒေသခံတွေကြား ကောလာဟလတွေလည်း မြင့်တက်လာနေပါတယ်။

နိုင်ငံရဲ့ လုံခြုံရေးအမြင်အရ ဒီတကြိမ်မှာ စစ်မြေပြင် ပိုကျယ်လာနိုင်သလို၊ ပစ်မှတ်တွေဟာလည်း ပိုပြီးများလာနိုင်ဖွယ်ရှိပါတယ်။ အခု တတိယအကြိမ်မှာ အရင်အကြိမ်တွေထက် အကျအဆုံးမများဖို့ သတိကြီးကြီးထား ဂရုစိုက်ကြဖို့ လိုပါလိမ့်မယ်။

You can treat me a cup of coffee.

wave

Press ESC to close