ပျော်ရွှင်မှုနောက် လိုက်ကောက်ခြင်း

အချီကြီးမိပြီ လို့ ထင်ပြီး ဝယ်စုခဲ့တာတွေ
အချီကြီး ပုပ်သိုးသွားမယ် ဆိုတာ မသိခဲ့ကြ
မိတ်ဆွေဆိုတာမျိုးက
သင်္ဘောဆေး ပေမနေတဲ့ လက်ကိုမှ
ဆွဲနှုတ်ဆက်ချင်ကြတာမလား
ငှားထားတဲ့အိမ်ကလေး အလှဆင်နေတုန်းမှာပဲ
နောက်ထပ်အိမ်ငှားခတွေ အကျည်းတန်ဆဲပေါ့
ဘဝမှာ 

ရောင်းကုန်တွေကို တန်ဖိုးထားမိမှန်းမသိခင်
မြတ်နိုးရတဲ့အရာတွေက 

စျေးတွေလျော့လျော့ကျ
ဘယ်အရာက စွန့်လွှတ်ဖို့ အသင့်တော်ဆုံးလဲ
ဘယ်အရာက ခွင့်လွှတ်ပေးဖို့ အမြင့်မြတ်ဆုံးလဲ
ပြတ်ပြတ်သားသား ဆုံးရှုံးရမယ်ဆိုလည်း
ငါ အမှန်တကယ် မပိုင်ဆိုင်ခဲ့တာတွေကိုပဲ
ယူ  ငင်  သွား  ကြ  ပါ။
လက်ကျန် ကိုယ်ရည်ကိုယ်သွေးတွေ
ထုတ်ရောင်းရင်း

ဘဝမှာ ရှေ့ဆက်လျှောက်
မှောက်လျက် မလဲတာကိုပဲ ဂုဏ်ယူရ။
တယောက်ယောက်က မင်းကိုလာပြီး
မင်း မလုပ်နိုင်ပါဘူးလို့ ပြောခွင့်မပေးလေနဲ့
မင်းမှာ အိမ်မက်တွေရှိတယ်
ဒါကို မင်းကာကွယ်ရမယ်
ဒီလိုနည်းနဲ့ပဲ
ငါတို့ရဲ့ ပျော်ရွှင်မှုအသီးအပွင့်တွေ
ငါတို့ လိုက်ကောက်ကြတာပေါ့။

 

သူ မရတ်
နံနက် ၂ နာရီ ၁၀ မိနစ်

 

မှတ်ချက်။ The Pursuit of Happyness ရုပ်ရှင်ကို ပြန်လည်ခံစားပါသည်။

 

You can treat me a cup of coffee.

wave

Press ESC to close