မြန်မာ့ဖရဲသီး တရုတ်သို့ ပုံမှန် တင်ပို့နေဆဲဖြစ်

 

မြန်မာနိုင်ငံမှ ထွက်သည့် ဖရဲသီးများကို တရုတ်နိုင်ငံက မဝယ်တော့ကြောင်း သတင်းများ ပျံ့နေသော်လည်း အမှန်တကယ်တွင် တရုတ်နိုင်ငံသို့ ဖရဲသီးများ ပုံမှန်တင်ပို့နေဆဲဖြစ်သည်ဟု သီးနှံကုန်သည်များက ဆိုသည်။

 

ထို့ပြင် တရုတ်နိုင်ငံအစိုးရအနေနှင့် မြန်မာ့ဖရဲသီးများကို မဝယ်ကြောင်း ထုတ်ပြန်ချက်၊ ကြေညာချက်ဟူ၍လည်း ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။

 

“ဖရဲက မူဆယ်လမ်းကြောင်းကနေ ပုံမှန်ပဲ တင်ပို့နေတာ။ ပုံမှန်လမ်းကြောင်းကနေပဲ၊ နည်းသွားတာလဲ မရှိပါဘူး” ဟု သီးနှံကုန်သည်တစ်ဦးက ဆိုသည်။

 

ထို့ပြင် မြန်မာနိုင်ငံတွင် အဓိက ဖရဲစိုက်နေကြသူ လုပ်ငန်းရှင်ကြီးများမှာ မြန်မာနိုင်ငံသားများ မဟုတ်ဘဲ တရုတ်နိုင်ငံသားများပင်ဖြစ်သည်။ လုပ်ငန်းငယ်များကိုသာ မြန်မာနိုင်ငံသားများက ဦးစီးကြပြီး တနိုင်တပိုင် တင်ပို့ကြသည်များလည်း ရှိသည်။

 

သို့သော် ရွှေလီ၊ ကြယ်ခေါင် အဝင်ကို တစ်ပတ်မှ နှစ်ပတ်အထိ ပိတ်မည်ဟု သတင်းများ ထွက်ပေါ်နေသေးသည့်အတွက် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများမှာလည်း ရှေ့ဆက်လုပ်ဆောင်ရန် အခက်တွေ့နေသည်ဟု လုပ်ငန်းရှင်တချို့က ဆိုကြသည်။

 

You can treat me a cup of coffee.

wave

Press ESC to close