ရန်ကင်း ပေါက်ကွဲမှု နောက်ဆက်တွဲ ဆက်တိုက်ဖမ်းဆီးနေ

ရန်ကင်းအုပ်ချူပ်ရေးမှူးရုံးအတွင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နောက် မင်းအောင်လှိုင်လက်ပါးစေ အနည်းဆုံး (၂) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး နောက်ဆက်တွဲအနေနှင့် ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

 

ပေါက်ကွဲမှု မဖြစ်ခင်က အဲ့ဒီ အုပ်ချူပ်ရေးမှူးရုံးမှာ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) မှ စစ်သား ၂၀ ဝန်းကျင်နဲ့ တပ်စွဲထားခဲ့တာပါ။

 

မတ် ၁၆ ရက်က ဗုံးပေါက်ကွဲပြီးနောက်မှတော့ ကပစ စစ်သားတွေနေရာမှာ တပ်မ ၇၇ က စစ်သားတွေက အစားထိုး တပ်စွဲလာတယ်လို့ ကိုယ်တိုင် မြင်ရသူတွေက ပြောပါတယ်။

 

ဧပြီ ၁၇ မနေ့ညက စတင်လို့ ဒီနေ့မနက်အထိ ရန်ကင်းမှာ ဆန္ဒပြလူငယ်တွေကို လိုက်လံဖမ်းဆီးရာ ယခုအချိန်ထိ အတည်ပြုနိုင်သမျှ ရန်ကင်း ၃ ရပ်ကွက်နှင့် ၄ ရပ်ကွက်တို့တွင် အနည်းဆုံး ၅ ဦး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close