စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းဖို့ ဥပဒေအကြံပေးအဖွဲ့ကို CRPH ငှားရမ်း  

မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်အုပ်စုဟာ သူတို့ကိုဆန့်ကျင့်ဆန္ဒပြသူတွေကို သတ်ဖြတ်နှိမ်နှင်းမှုတွေပြုလုပ်နေတာကြောင့် CRPH က နိုင်ငံတကာဥပဒေဆိုင်ရာတွေမှာ ၎င်းတို့ကိုအကြံပေးနိုင်ဖို့ လန်ဒန်အခြေစိုက် ဥပဒေအကြံပေးအဖွဲ့တစ်ခုကို ငှားရမ်းခဲ့ပါတယ်။  

 

Volterra Fietta က သည်ဟိဂျ် မြို့မှာရှိတဲ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးအပါအဝင် နိုင်ငံတကာတရားရုံးနှင့် ခုံရုံးတွေမှာ သူ့ကို အလုပ်အပ်လာသူတွေကို ကိုယ်စားပြုပေးခဲ့တဲ့ အတွေ့အကြုံတွေရှိပါတယ်။

 

အဲဲဒီဥပဒေအကြံပေးအဖွဲ့ဟာ မြန်မာနိုင်ငံအတွက် ဖွဲ့ထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် (IIMM) နဲ့လည်း အွန်လိုင်းအစည်းအဝေးတွေ လုပ်ခဲ့ပါတယ်။ အဲဒီကော်မရှင်ကို အနောက်ဘက်ရခိုင်ပြည်နယ်မှာ စစ်တပ်က ရိုဟင်ဂျာမူဆလင်တွေကို အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက် ၂၀၁၈ခုနှစ်မှာ ကုလသမဂ္ဂ  လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

 

ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးများနဲ့လည်း စွဲချက်တင်ထားတဲ့ ကြမ်းကြုတ်မှုတွေအကြောင်း အစီရင်ခံစာတွေ မျှဝေခဲ့တယ်လို့ လို့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ UN ကိုယ်တိုင်ရဲ့ ပြောကြားမှုကတဆင့် သိရပါတယ်။

 

အကြံပေးအဖွဲ့ရဲ့ပူးတွဲတည်ထောင်သူ Robert Volterra က ကျွန်တော်တို့ကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ရှိသူများနဲ့အထူးအစီရင်ခံသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်တင်သွင်းမှုတွေပြုလုပ်ဖို့ မြန်မာဘက်က ညွှန်ကြားထားပါတယ်လို့ Financial Times သတင်းစာကိုပြောပါတယ်။

 

အဲဒီအစီရင်ခံစာတွေနဲ့သက်သေတွေမှာ မတရားဖမ်းဆီးထိန်းသိမ်းမှုများ၊၊ အကြမ်းဖက်နှိပ်စက်မှုများနှင့်ဥပဒေမဲ့သတ်ဖြတ်မှုတွေပါဝင်ပါတယ်။ IIMM ရဲ့ခေါင်းဆောင် Nicholas Koumjian က Volterra ရဲ့အကြံပေးအဖွဲ့ဟာ သူ့ရုံးကို အဆက်အသွယ်လုပ်ပြီးပါပြီလို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

 

Financial Times သတင်းကို အဲလစ်ခိုင် ဘာသာပြန်ထားသည်။

You can treat me a cup of coffee.

wave

Press ESC to close