စစ်တပ်က ထုတ်ပြန်တဲ့ မန်း PDF ၂၀ ကျော် ဖမ်းမိတယ်ဆိုတဲ့ကိစ္စ  

မင်းအောင်လှိုင်စစ်တပ်က သြဂုတ် ၂၁ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ မန္တလေး PDF အဖွဲ့ဝင် ၂၀ ကျော်ကို လက်နက်တွေနဲ့ ဖမ်းမိတယ်ဆိုတဲ့ ကိစ္စမှာ အမှန်နဲ့အမှားရောပြီး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

 

တချို့ သတင်းဌာနတွေအနေနဲ့လည်း ထုတ်ပြန်ချက်ကို ထုတ်ပြန်တဲ့အတိုင်းသာ ထည့်ရေးထားတာလည်း တွေ့ရတယ်။ တကယ်တော့ စစ်တပ် ထုတ်ပြန်တဲ့ ၂၀ ကျော်ဆိုတာ အားလုံး မန်း PDF တွေမဟုတ်ပါ။

 

ဇူလိုင် ၃၁ ရက်က မန်း PDF က ကိုဇော်နိုးနှင့် ကိုစိုး ဆိုသူတို့ကို ပြင်ဦးလွင်နယ်မြေထဲမှာ ဖမ်းဆီးခံရတဲ့အကြောင်း သြဂုတ် ၂ ရက်နေ့ကတည်းက ကျနော် သတင်းရေးခဲ့ဖူးပါတယ်။ (ကွန်မင့်မှာ ဖတ်နိုင်ပါတယ်)

 

ဇူလိုင် ၃၁ ရက်ကတည်းက ဖမ်းဆီးခဲ့ပေမယ့် စစ်ကောင်စီဟာ သူတို့နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ သူတို့ကို ဖမ်းဆီးထားပြီး သူတို့ရဲ့ ဖုန်းနဲ့ ကျန် တော်လှန်ရေးသမားတွေကို ဖုန်းဆက်ခေါ်ပြီး နောက်ထပ် ၅ ယောက် ထပ်ဖမ်းဆီးခံခဲ့ရပါသေးတယ်။

 

အဲ့ဒီရက်ပိုင်းက အမရပူရမှာ ညဘက်တွေ တောက်လျှောက်ဝင်ဆွဲတာ သတိထားမိကြမှာပါ။ ဒါဟာ ကိုဇော်နိုးနဲ့ ကိုစိုးတို့ကို ဖမ်းဆီးထားတဲ့ နောက်ဆက်တွဲတွေ ဖြစ်ပါတယ်။

 

စစ်ကောင်စီဟာ မန်း PDF လို့ပြောလို့ရသူ စုစုပေါင်း ၇ ဦးကိုပဲ ဖမ်းမိခဲ့ပြီး သူတို့ ထုတ်ပြန်ချက်ထဲ​ပါတဲ့ ကျန်ဖမ်းမိသူတွေဟာ ဆန္ဒပြသူတွေနဲ့ ထင်ရာမြင်ရာ ပုဒ်မတပ် ဖမ်းဆီးထားသူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ပြောတဲ့ မန်း PDF ၂၀ ကျော် ဆိုတာလည်း အမှန်မဟုတ်ပါဘူး။

 

ပြီးတော့ ဇူလိုင် ၃၁ ရက်က ဖမ်းမိတာကို ခု သြဂုတ် ၂၁ မှ ထုတ်ပြန်တယ်ဆိုတာ ဒီကြားထဲမှာ ဖမ်းဆီးထားသူတွေဆီက ဖုန်း၊ အချက်အလက်တွေနဲ့ တောက်လျှောက် အနံ့ခံ ဖမ်းဆီးမှုတွေ လုပ်နေတာခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

 

You can treat me a cup of coffee.

wave

Press ESC to close