အရေးပေါ်အခြေအနေတွင် ဆောင်ရန်၊ ရှောင်ရန်များ

အဓိကရုဏ်းအတွင်း၊ အရေးပေါ် အခြေအနေများတွင်း လိုအပ်ချက်များ

 

၁။ ရှူးဖိနပ် (အောက်ခံဆိုးပြားအထူနဲ့ ဖိနပ်တွေဆို ပိုကောင်းပါတယ်)

၂။ ဓာတ်ငွေ့ကာ မျက်နှာဖုံး (မရနိုင်ရင် ခြုံထည်ပုဝါကို ရေဆွတ်ပြီး မျက်စိကို အုပ်ပြီး ပြေးနိုင်ပါတယ်) ဓာတ်ငွေ့ကာမျက်မှန် (တုတ်နဲ့ရိုက်ရင် ခံနိုင်တဲ့ မျက်မှန်မျိုး) လက်အိတ်ထူထူ

၃။ ဦးထုပ်ကောင်းကောင်း (ဆောက်လုပ်ရေးအလုပ်သမားတွေ အသုံးပြုတဲ့ ဦးထုပ်တွေထဲက အမာဆုံးနဲ့ အကောင်းဆုံး ပုံစံကို ရွေးချယ်သင့်ပါတယ်။ လက်ရှိ ဆန္ဒပြတွေမှာ အလွယ်တကူရနေတဲ့ ဦးထုပ်တွေဟာ ခံနိုင်ရည် အနည်းဆုံးဦးထုပ်တွေ ဖြစ်ပါတယ်)

၄။ ကလေးသုံး ဆပ်ပြာရည် (အဓိကက မျက်စိထဲဝင်ခံတယ်၊ ဒါတွေက မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းဆေးတွေကို ကာကွယ်နိုင်ပါတယ်)

၅။ ရေလုံမိုးကာအင်္ကျီ (မီးသတ်ပိုက်နဲ့ ထိုးရင်၊ အထူးသဖြင့် ငရုတ်ကောင်းမှုန့်တွေ ပါလာမယ်ဆိုရင် ကာနိုင်ပါတယ်)

 

သတိပြုရန်

 

·       အမြဲတမ်း ဘယ်နေရာကနေ ဖောက်ထွက်ပြေးမလဲဆိုတာ ရှာထားပါ

·       ပုံစံတူ၊ အုပ်စုတူလူတွေ၊ ကိုယ်သိတဲ့လူတွေကို မှတ်ထားပါ

·       သေနတ်နဲ့ပစ်ရင် ကျည်ဆန်ပြန်ကန်လာနိုင်တဲ့ နံရံတွေ၊ တံတိုင်းတွေနားနေတာကို ရှောင်ပါ

·       ပြေးမယ်ဆိုရင် လမ်းကျယ်ကျယ်ကို ရွေးပြေးပါ (နောက်ကိုလည်း ကြည့်ပါ)

·       ကားကို အကာကွယ်ယူမယ်ဆိုရင် ကားရှေ့ဘီးနားကို ရွေးပြီးရပ်ပါ (ကားအင်ဂျင်က ကျည်ဆန်ကို ပိုကာကွယ်နိုင်ပါတယ်)

·       ပုန်းနေတဲ့အချိန်မှာ ပုန်းနေတဲ့နေရာကနေ ခေါင်းကို ပြူတစ်ပြူတစ် မလုပ်ပါနဲ့ 

·       တနေရာထဲမှာ အကြာကြီး မနေပါနဲ့၊ အခြေအနေတည်ငြိမ်ရင် နောက်တနေရာရွှေ့ပါ

·       ရေလုံတဲ့ အကြမ်းခံတဲ့ ကီးပက်ဖုန်းတွေ ဆောင်ထားပါ

·       ရာဘာကျည်ဆန်တွေထိရင် ရေခဲတခုပဲ အုပ်ပါ။ ဆေးထည့်ရင်လည်း အဆင်မပြေနိုင်ပါ။ ရာဘာကျည် တကြိမ်ထွက်ရင် ရာဘာအလုံးအသေးပေါင်း အလုံး ၂၀ ကနေ ၃၀ အတွင်း ရှိနိုင်ပါတယ်။ ဒါကြောင့် ရာဘာကျည်နဲ့ ပစ်ရင် ၁၀ ပေနဲ့ ပေ ၂၀ အတွင်း မနေပါနဲ့။ ကျည်တွေအများကြီး ကိုယ့်အပေါ် ကျလာနိုင်ပါတယ်။ 

·       ရဲက မိခဲ့ရင်၊ အရင်ဆုံး ကိုယ့်ဖုန်းကို RESET ချပစ်ပါ။ ရီဆက်ချမယ့်ခလုပ်ကို ကြိုတင်ပြင်ဆင်ထားပါ

·       ဖုန်းကို အမြဲတမ်းတမ်း အသံဖွင့်မထားပါနဲ့၊ SILENT လုပ်ထားပါ

 

နောက်ဆုံးတချက်ကတော့

သူရဲကောင်းမလုပ်ပါနဲ့ ပြေးပါ။

You can treat me a cup of coffee.

wave

Press ESC to close