Facebook ပေါ်က သတင်းဌာန အယောင်ဆောင်များ

Facebook သုံးသူတွေထဲမှာ သတင်းကို စိစစ်ပြီး စားသုံးတတ်သူတွေရှိသလို အင်တာနက်ပေါ်မှာ တက်နေပြီ ဆိုပြီး ရမ်း၊ မှန်း ယုံလိုက်ကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။ အများစုက အစစ်အမှန်အတု၊ စသဖြင့် ခွဲခြားဖို့ခက်ခဲနိုင်လေတော့ ဘာတင်တင် အွန်လိုင်းပေါ်တောင် ရောက်နေပြီပဲဆိုပြီး အလွယ်တကူ ယုံလိုက်ကြတယ်။

 

အစိုးရကိုယ်တိုင်၊ ဝန်ကြီးဌာနတွေကိုယ်တိုင်ကလည်း သတင်းဌာနတွေကို မဖြတ်သန်းစေဘဲ ဖေ့စ်ဘွတ်ကိုအားပြုပြီး ထုတ်ပြန်ချက်တွေ လုပ်ခဲ့၊ အတည်ပြုချက်တွေ လုပ်ခဲ့တော့ လူတွေက Facebook ကို အမှန်ထင်၊ အတည်ယူလာကြတယ်။

 

ဒါတွေကို ကောင်းကောင်းကြီးသိတဲ့၊ စီးပွားရေးလုပ်စားသူတွေ၊ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေက Facebook ကို ကောလာဟလဖြန့်ရာ၊ သွေးထိုးလှုံ့ဆော်စရာ၊ အဖြစ် ကောင်းကောင်းကြီး သုံးလာခဲ့တော့တယ်။ တဖက်မှာလည်း ဒီအပေါ်မှာ အကျိုးထုတ်လိုတဲ့ နိုင်ငံရေးအသုံးချသူတွေ၊ အမုန်းတရားဖြန့်ဝေသူတွေဟာ ဒီလူမှုကွန်ရက်စာမျက်နှာတွေကို လက်နက်တခုအဖြစ် အသုံးချလာနေပါတယ်။

 

အောက်မှာ ကျနော် တွေ့ထားတဲ့ မယုံကြည်ရတဲ့ သတင်းပေ့ဂျ်တွေ၊ သတင်းဌာနအယောင်ဆောင်တွေ၊ လုပ်ကြံသတင်းရေးသား ဖြန့်ဝေတာတွေကို ဖော်ပြလိုက်ပါတယ်။ ဒီထဲက တချို့ဟာ တော်တော် ပေါက်နေပြီးသားဖြစ်သလို တချို့ကဆို သတင်းဌာနတွေလို့တောင် ပြောစမှတ်ပြုရမလိုဖြစ်လာပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။

  1. Lwin Pyin
  2. Yaw Myanmar
  3. Achitlwinpyin.net
  4. ApannPyay
  5. Phothudaw
  6. Yuyalay
  7. PannPwint
  8. Kan Kaw
  9. Myanmar Express
  10. mmpopulars.com
  11. Kyar Nyo
  12. shwemon
  13. Taw Thu News
  14. Myanmar News Society
  15. MM Popular Post-Myanmar Advertising Group-1
  16. Shwe Wiki
  17. Zee Kwat - ဇီးကွက်
  18. မြန်မာသတင်းစုံ
  19. မြန်မာ့သတင်းထူးသတင်းဦးများ
  20. နေ့စဉ်သတင်းနှင့် သုတရသအဖြာဖြာ

ဒီထဲမှာ တချို့ဟာတွေက သာမာန်ချိန်တွေမှာ အတင်းအဖျင်း၊ ဆယ်လီကိစ္စတွေနဲ့ ဗဟုသုတတွေပဲ ရေးတာ တွေ့ရပေမယ့် နိုင်ငံအတွင်းမှာ ပြဿနာတွေ၊ အဓိကရုဏ်းတွေဖြစ်လာတဲ့အချိန်မှာတော့ သတင်းမှားတွေ၊ သွေးထိုးလှုံ့ဆော်တာတွေ ဆက်တိုက် တင်လာတာတွေ တွေ့ရတတ်ပါတယ်။

 

သတင်းတပုဒ်ထဲကို တချို့ နာမည်မတူတဲ့ Page တွေက ခွဲတင်တာမျိုးတွေ တွေ့ရမှာပါ။ ဒီလိုမျိုးတွေဆို ဘာကိုဦးတည်နေမှန်း သိပ်သိသာပါတယ်။ ဒီလိုပဲ ဒီသတင်းတုတွေရဲ့ ရပ်တည်မှုတွေ၊ တင်ပြပုံတွေကို ကြည့်လိုက်တာနဲ့ ဘယ်အဖွဲ့အစည်းတွေက လုပ်နေတာလဲဆိုတာလည်း ထင်ရှားစေပြန်ပါတယ်။ စစ်မှန်မှုကိုလိုလားသူတွေဟာ ဒါတွေကို ခွဲခြားနိုင်ကြမှာပါ။

 

ဒီစာရင်းထဲက အားလုံးဟာ သတင်းမှားတွေ တင်နေတာမျိုးတော့ မဟုတ်ပါဘူး။ အနည်းစုက သိပ်မသင်္ကာတာတွေ ဖြစ်ပါတယ်။ အများစုကတော့ အမှန်တကယ် သွေးထိုးခဲ့တာတွေ၊ သတင်းမှားတွေ တင်ခဲ့တာတွေ ဖြစ်ပါတယ်။ နောက်ထပ် စောင့်ကြည့်နေဆဲ စာရင်းလည်းရှိပါသေးတယ်။

You can treat me a cup of coffee.

wave

Press ESC to close