CDM တွင် ပါဝင်နေသည့် ဂန့်ဂေါခရိုင်ဆေးရုံအုပ်ကြီးနေအိမ်ကို ရဲအင်အား ၄၀ ကျော်ဖြင့် ဖျက်ဆီးရှာဖွေ

 
 
CDM တွင် ပါဝင်နေသည့် မကွေးတိုင်း ဂန့်ဂေါခရိုင်ဆေးရုံအုပ်ကြီး၏ နေအိမ်ကို ရဲအင်အား ၄၀ ကျော်ဖြင့် ယမန်နေ့ည သန်းခေါင်ကျော်အချိန်တွင် ဝင်ရောက်ရှာဖွေခဲ့ပြီး ခြံစည်းရိုးများ၊ တံခါးများကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဆေးရုံအုပ်ကြီးကိုယ်တိုင် ဖုန်းဆက်၍ ပြောသည်။
ဆေးရုံအုပ်ကြီး ဆရာအောင်ဆန်းမင်းမှာ ရှောင်ပုန်းနေသည့်အတွက် ၎င်း၏ အမျိုးသမီးနှင့် အသက် ၆နှစ်၊ ၁၀ နှစ်နှင့် ၁၂ နှစ်အရွယ်ကလေးငယ်များအိမ်တွင် ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။
"သူတို့က တုတ်တွေဒိုင်းတွေနဲ့ ခြံစည်းရုံးတွေကို ဖျက်ဝင်၊ လူကြီးတွေကို ပုံစံထိုင်ခိုင်း၊ ဖုန်းတွေသိမ်း လုပ်ကြတယ်" ဟု ဆေးရုံအုပ်ကြီးက ကျနော့်ကို ပြောသည်။
"ဖမ်းချင်ရင်လည်း အေးအေးဆေးဆေး လုပ်လို့ရမယ်ထင်ပါတယ်ဗျာ။ ခုက အတင်းအဓမ္မလုပ်တော့ ကလေးတွေကလည်း ကြောက်လန့်နေကြတယ်။ အမျိုးသမီးကလည်း ပြောတယ်၊ လူကြီးတွေရှိတယ်၊ ကလေးတွေလည်းရှိတယ် မလုပ်ပါနဲ့ဆိုတာ မရဘူးဗျာ" ဟု ဆေးရုံအုပ်ကြီးက ဆိုသည်။
ဂန့်ဂေါခရိုင်အတွင်း ခရိုင်ဆေးရုံကြီးအပါအဝင် တိုက်နယ်ဆေးရုံများမှ ဝန်ထမ်းဦးရေ စုစုပေါင်း ၂၀၀ ကျော်နီးပါး ဖေဖော်ဝါရီ ၄ ရက်ကတည်းက CDM တွင် ပူးပေါင်းပါဝင်နေပြီး ၇ ရက်နေ့တွင် ဆေးရုံကို အပြီးတိုင်ပိတ်ထားခဲ့သည်။

You can treat me a cup of coffee.

wave

Press ESC to close