အီတိုးကို ဘယ်လို ဖမ်းခဲ့သလဲ

အဆိုတော်ဇော်ဝင်းထွဋ်ရဲ့သား အီတိုးနေထိုင်တဲ့ အိမ်ဟာ ရန်ကုန်မြို့ ၉ မိုင် မစိုးရိမ်ကျောင်းလမ်းထဲမှာ ရှိပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ မနက် ၄ နာရီလောက်ကတည်းက ဒီလမ်း တစ်ဖက်တစ်ချက်ကို စစ်တပ်က ပိတ်ထားခဲ့ပြီး လမ်းထဲနေသူ အတော်များများကတော့ သိပ်မသိခဲ့ကြပါဘူး။

 

အဲ့ဒီနားမှာရှိတဲ့ ရွှေမြိုင်သီရိ သီလရှင်ကျောင်းအနီးဝန်းကျင်မှာလည်း စစ်တပ်က နေရာယူထားခဲ့ပါတယ်။ မနက်ပိုင်း ၈ နာရီမခွဲခင်မှာ အီးတိုးကို ဖမ်းသွားတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

 

"သိရသလောက်တော့ အရင်ဆုံး ဂေါက်ကလပ်နဲ့ ကပ်လျက် အနောက်ခြမ်းကို အရင်ပိတ်လိုက်ပါတယ်။ ပြီးတော့ ခြံအနောက်ဖက်ကို အရင်ပိတ်ချလိုက်ပြီးမှ အပေါ်လမ်းကို ပိတ်ချလိုက်ပြီး ဖမ်းသွားတယ်လို့ ယူဆရပါတယ်" လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

 

နံနက် ၈ နာရီခွဲမတိုင်ခင်က မစိုးရိမ်ကျောင်းလမ်းကို တစ်ဖက်တချက် ပိတ်ထားခဲ့ပြီး ၈ နာရီခွဲမှာ ပြန်လည် ဖွင့်ပေးလိုက်တာကို တွေ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ဆိုပါတယ်။

 

"လမ်းက ပုံမှန်ဆို လူပြတ်တယ်။ အနီးဝန်းကျင်နား နေတဲ့လူတွေလောက်ပဲ အဲ့ဒီမှာ အီတိုးနေတယ်ဆိုတာ သိကြတာ။ အဲ့နေ့ မနက်ပိုင်းက စစ်သားတွေ သူ့ခြံထဲရောက်နေတာ မြင်ခဲ့ရတယ်။ သူ့ စတူဒီယိုလည်း အဲ့ဒီမှာပဲ" လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။​

 

ထို့ပြင် "အီတိုးအိမ်ကို စစ်တပ်က ဝင်တယ်ပေါ့၊ ဒီလောက်ပဲ သိကြရတယ်။ သတင်းတွေ့မှ ဖမ်းသွားပြီဆိုတာ သိရတာ" လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close