တပ်မ ၅၅ နှင့် ၄၄ ယာဉ်တန်း ရခိုင် တောင်ကုတ်လမ်းတွင် ကားမှောက်၊ အနည်းဆုံး စစ်သား ၂၀ ကျော် ဆေးရုံရောက်

ရခိုင်ပြည်နယ်မှ ပြည်ဘက်သို့ ဦးတည်မောင်းနှင်လာသည့် တပ်မ ၅၅ နှင့် ၄၄ ယာဉ်တန်းမှ ကားတစ်စီး တောင်ကုတ်တောင်ကြားလမ်းတွင် ကားမှောက်ပြီး အနည်းဆုံး စစ်သား ၂၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသူက ပြောသည်။

 

ယနေ့ နေ့လယ် ညနေ ၄ နာရီခန့်က တောင်ကုတ် စွတ်ပစ်ကျေးရွာအနီးတွင် ကားမှောက်ခဲ့ခြင်း ဖြစ်ကာ ဒဏ်ရာရခဲ့သည့် စစ်သားများမှာ လက်ရှိအချိန်တွင် ပြည်မြို့ရှိ ကုတင် ၁၀၀ ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သတင်းရင်းမြစ်က ဆိုသည်။

 

"သူတို့က ရှေ့တန်း ပြန်ဝင်လာတာ" ဟု သတင်းရင်းမြစ်က ဆိုပြီး "တပ်ရင်းမှူး တစ်ယောက်လည်း ဒဏ်ရာရတဲ့အထဲ ပါတယ်၊ အသေအပျောက်တော့ မရှိဘူး" ဟု ထပ်လောင်းပြောသည်။

 

၅၅ မှာ ရှမ်းပြည်နယ် ကလောအခြေစိုက် တပ်မဖြစ်ပြီး ၄၄ မှာ မွန်ပြည်နယ် ကျိုက်ထို အခြေစိုက် တပ်မ ဖြစ်သည်။ တပ်မ ၅၅ မှာ ၂၀၂၀ ဖေဖော်ဝါရီက အေအေနှင့် မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အများဆုံးပါဝင်ခဲ့သည့် တပ်မတစ်ခု ဖြစ်သည်။

 

ပြီးခဲ့သည့် ရက်ပိုင်းက ဂျပန်နိုင်ငံမှ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ရောက်ရှိလာခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) မှ ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ပြီး နှစ်ဘက် ပစ်ခတ်မှုများ လုံးဝ မလုပ်ကြရန် မှာကြားခဲ့ကြောင်းပြောဆိုထားပြီးနောက် ယခုကဲ့သို့ ရက်ပိုင်းအတွင်း ရှေ့တန်း ပြန်ဝင်လာခြင်း ဖြစ်သည်။

 

ရခိုင်ပြည်နယ် အေအေနှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲများ ရပ်တန့်ထားခဲ့သည်မှာ တစ်နှစ်ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံသို့ မရောက်မီရက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ထိတွေ့မှု အချို့ ရှိခဲ့သည်။

 

You can treat me a cup of coffee.

wave

Press ESC to close