မင်းအောင်လှိုင်တို့ မိသားစု ရုရှား ပြေးကြတယ် (ဆိုတဲ့) ကိစ္စ

မနေ့က အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က ဒူဘိုင်းမှာ တစ်ထောက်နားပြီး မော်စကိုကိုလည်း သွားတယ်ဆိုပြီး လမ်းကြောင်းတွေကို တင်ပြီး ရေးခဲ့ကြတာ မှတ်မိကြပါဦးမယ်။ ပထမဆုံး စ ရေးတာက ထောက်ခံသူတွေ စုထားတဲ့ ဂရုတစ်ခုထဲက စပါတယ်။ အဲ့ဒီမှာ အဓိကပါတဲ့ စကားလုံးက “ထင်တာပါပဲ” ဆိုတဲ့စကားလုံးပါ။ လေကြောင်းပြ လမ်းကြောင်းတွေကို ကြည့်ပြီး သူ “ထင်တာ” ကို ရေးတင်လိုက်တာ တွေ့ရပါတယ်။ မင်းအောင်လှိုင်၊ စိုးဝင်း၊ ဘာသတင်းနေနေ ထုံးစံအတိုင်း ဒီကိစ္စက ဟော့သွားတာပေါ့။

 

တကယ်တော့ MAI လေကြောင်းလိုင်း A319 (XY-AGR) က ဒူဘိုင်းမှာ တစ်ထောက်နားပြီး မော်စကို သွားတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် မင်းအောင်လှိုင်တို့ မပါပါဘူး။ ဒါ့အပြင် ဒီခရီးစဉ်က ကောက်ခါငင်ကာ စီစဉ်ပြီးသွားတဲ့ ခရီးစဉ် မဟုတ်ပါ။ ဒီခရီးစဉ်က အရင် သြဂုတ်လ ခရီးစဉ်ရဲ့ အဆက်ဖြစ်ပါတယ်။

 

သြဂုတ် ၆ ရက်နေ့မှာ MAI နဲ့ စစ်တပ်တွေရဲ့ အပြည်ပြည်ဆိုင်ရာ ဂိမ်းပြိုင်ပွဲ (International Army Game – Moscow) ခရီးစဉ်အဖြစ် စစ်ဘက်အရာရှိတွေကို နေပြည်တော်ကနေ ရုရှ၊ မော်စကို ကို ပို့ခဲ့ပါတယ်။ အပြန်ခရီးကိုတော့ သြဂုတ် ၇ ရက်နေ့မှာ မော်စကိုကနေ နေပြည်တော်ကို ပို့တဲ့ ခရီးစဉ်ပါ။

 

သြဂုတ် ၇ ရက်နေ့က ပြန်လာတဲ့ ခရီးသည်စာရင်းကို ကြည့်ရင် ရုရှား လေကြောင်းရန် ကာကွယ်ရေးပညာရှင် ၁၃ ယောက်၊ စစ်ဘက်သုံးလေယာဉ် ရဟတ်ယာဉ် ကုမ္ပဏီက ပညာရှင် ၁၃ ယောက်၊ ပြီးတော့ စကားပြန်တစ်ယောက် စုစုပေါင်း ၂၇ ယောက်တိတိ ပါလာပါတယ်။ (ဒီစာရင်းကိုလည်း လူနာမည်အတိအကျနဲ့ ရရှိထားပြီး ဖြစ်ပါတယ်)

 

မနေ့က စက်တင်ဘာ ၄ ရက် ခရီးစဉ်မှာတော့ အဲ့ဒီ ရုရှားပညာရှင်တွေထဲကတစ်ချို့ကို အစားထိုးဖို့၊ လဲလှယ်ဖို့အတွက်လည်း ပါသလို မော်စကိုကနေ အပြန်မှာ အားကစားပွဲပြီးလို့ အိမ်ပြန်လာမယ့် မြန်မာစစ်တပ်က စစ်သားတွေကိုလည်း ပြန်ခေါ်လာဖို့ သွားတာ ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ စက်တင်ဘာ ၇ ရက်နေ့ မနက် အစောပိုင်းမှာ နေပြည်တော်ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close