အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်က NUG ကို အသိအမှတ်ပြု  

အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ITUC) သည် မြန်မာနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်းကို ကြိုဆိုလိုက်ပြီး ကုလသမဂ္ဂ၊ အစိုးရများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအနေနှင့်လည်း NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုလိုက်ပါတယ်။

 

ITUC အဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပထမဆုံး အသိအမှတ်ပြု လက်ခံကြိုဆိုလိုက်တဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။ ITUC ဆိုကတော့ နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ITUC ရဲ့ အဓိကတာဝန်ကတော့ နိုင်ငံတကာကော်ပိုရေးရှင်းမှ ကုန်သွယ်‌မှုဆိုင်ရာသမဂ္ဂများ၊ ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်း နှင့်  နှိုးဆော်မှုများကိုအသုံးပြု၍ အလုပ်သမားများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို ကာကွယ်ပေးရန်နှင့် မြှင့်တင်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ 

 

၎င်း၏ လှုပ်ရှားမှုများတွင် အဓိကပါဝင်သည့် နယ်ပယ်များမှာ ကုန်သွယ်မှုသမဂ္ဂနှင့် လူ့အခွင့်အရေးများ၊ စီးပွားရေး လူ့အသိုက်အဝန်းနှင့် လုပ်ငန်းခွင်၊ တန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး၊ အပြည်ပြည်ဆိုင်ရာသွေးစည်းညီညွတ်ရေး တိုဖြစ်ပါတယ်။ ITUC ဟာ ကုန်သွယ်မှုသမဂ္ဂ ဒီမိုကရေစီ ဆိုင်ရာ မူဝါဒများနဲ့ လွတ်လပ်မှုတို့ကို လက်ကိုင်ထားတဲ့ အဖွဲအစည်းဖြစ်ပါတယ်။ 

 

ITUC ရဲ့အထွေထွေအတွင်းရေးမှူး ရှရန် ဘားရိုးက  “အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုဝင်ဘာရွေးကောက်ပွဲက ပြည်သူလူထုရဲ့ဆန္ဒကိုထင်ဟပ်တဲ့ မြန်မာပြည်ရဲ့ တရားဝင်အစိုးရဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် လှုပ်ရှားမှုက NUG ရဲ့တရားဝင်မှုကို အသိအမှတ်ပြုသလိုပဲ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက အသိအမှတ်ပြုသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

မြန်မာပြည်သူလူထုကို သတ်ဖြတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်အစိုးရကို လုံးဝ ဖယ်ထုတ်ထားရပါမယ်။ အစိုးရတွေက သူတို့နဲ့ဆက်သွယ်ဆောင်ရွက်စရာ အကြောင်းမရှိသလို စီးပွားရေးလုပ်ငန်းအားလုံးကလည်း စစ်တပ်နဲ့ပက်သက် ဆက်နွယ်နေသမျှကို ဖြတ်တောက်ပစ်ရပါမယ်

 

ဒီလိုလုပ်ဖို့ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ ဒီမိုကရေစီရရှိဖို့နဲ့အကြမ်းဖက်ဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့ ဆန္ဒပြင်းပြနေတဲ့လူထုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတဲ့အ‌ပေါ် တိုက်ရိုက်ထောက်ခံနေတာဖြစ်ပါတယ်။"

You can treat me a cup of coffee.

wave

Press ESC to close