‘ခီ မောင်နှံ’ ကို နေအိမ်အကျယ်ချုပ်ချထားဖွယ်ရှိ

ဇာဏ်ခီနှင့် ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကို ယနေ့ နံနက် ၇ နာရီကျော်က ရန်ကုန်လေဆိပ်မှာ လူတစ်စုက ဖမ်းဆီးခေါ်သွားခဲ့ပြီး နေ့လယ်မှာ ၎င်းတို့နေအိမ်ကို ပြန်ပို့ခဲ့ပါတယ်။

 

ဒါပေမယ့် ပြန်ပို့ပြီးတဲ့နောက် ၎င်းတို့နေအိမ်ထဲကနေ လုံးဝအပြင်ကို ထွက်ခွင့်မရတော့သလို အိမ်အနီးဝန်းကျင်မှာလည်း မင်းအောင်လှိုင် လက်ပါးစေ ရဲနဲ့ စစ်သားတွေကို အစောင့်အနေနဲ့ချ ထားတာကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။

 

ပြန်ပို့တာလည်း သူတို့ (မင်းအောင်လှိုင်လက်ပါးစေ) တွေပဲ။ လူတွေက ပြန်လွတ်လာပြီ စသဖြင့် ပြောနေကြတာပေါ့။ လွတ်လာတာမျိုးတော့ မဟုတ်ဘူး။ အိမ်ကို ပြန်ပို့ပြီး အကျယ်ချုပ်ချပစ်တာလို့ မျက်မြင်တွေ့ရှိရသူ သတင်းပေးလာပါတယ်။

 

တပြိုင်နက်တည်းမှာပဲ ဒီနေ့မှာ သရုပ်ဆောင် မေတိုးခိုင် လည်း ဖမ်းဆီးခံထားရတယ်လို့ သူနဲ့ နီးစပ်သူတွေက အတည်ပြုထားပြီး သူ့ကိုတော့ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါ။

You can treat me a cup of coffee.

wave

Press ESC to close