အတုအယောင်များ၊ နာမည်အလွဲသုံးမှုများရှိနေ ဟု MDY-PDF ဆို  

MDY-PDF နာမည်ကို အသုံးပြု၍ အလှူခံနေမှုများ၊ နာမည်အလွဲသုံးနေမှုများ ရှိနေသည်ဟု မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY-PDF က ပြောဆိုလိုက်ပြီး ၎င်းတို့၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာကို ဖွင့်လှစ်လိုက်သည်။

 

MDY-PDF ကို အီးမေးမှတစ်ဆင့် ဆက်သွယ်မေးမြန်းချက်အရ ၎င်းတို့အနေနှင့် “ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်လျက်ရှိနေသည်” ဟုဆိုပြီး “မြို့ပေါ် တော်လှန်းရေးလုပ်ငန်းများ၏ နောက်ဆက်တွဲအနေနှင့် လုံခြုံရေးကိစ္စရပ်များကို အထူးထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေခဲ့ရသည်” ဟု ဆိုသည်။

 

သို့သော် “သိပ်မကြာမီကပင် MDY-PDF အနေနဲ့ အခြေနေအရပ်ရပ်ကို ပြန်လည်ထိမ်းချုပ် တည်ဆောက်နိုင်ခဲ့ပြီ” ဟု အကြောင်းပြန်လာသည်။

 

ဇွန်လ ၂၂ ရက်က MDY-PDF ၏ စခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် အခြားအဆင့်များ ကျဆုံးခဲ့သည်။

 

ထို့နောက် ဇွန်လနောက်ဆုံးပတ်က စစ်ကောင်စီကို ကူညီပေးနေသည့် ဒလန် (၄) ဦးကိုရှင်းလင်းခဲ့ပြီး ဇူလိုင် ၄ ရက်နေ့တွင် စစ်ကောင်စီကို အားပေးသူများနှင့် ၎င်းတို့နှင့်ဆက်စပ်နေရာများတွင် ဗုံး ၄၂လုံး ဖောက်ခွဲခဲ့သည်ဟု MDY-PDF ၏ ကြေညာချက်တွင် ဆိုထားသည်။

 

ထို့ပြင် ဇူလိုင် ၁၁ ရက်နေ့တွင် ချမ်းမြသာစည် လျှပ်စစ်ရုံး ဖောက်ခွဲမှု၊ တောင်မြို့ အမရပူရ လျှပ်စစ်ရုံး ဖောက်ခွဲမှု၊ ပြည်ကြီးတံခွန် ပစ်ခတ်မှု လေးမျက်နှာဘုရားဝင်းမှ စစ်ကောင်စီ၏ စခန်းချရာ နေရာဖောက်ခွဲမှု၊ မန္တလေး အဆင့်မြင့် ရဲစခန်း ဖောက်ခွဲမှု၊ ပုသိမ်ကြီး လှည့်ကင်းရဲ နှစ်ဦးအား ပစ်ခတ်ချေမှူန်းမှုများနှင့် အခြားတိုက်ခိုက်ဖောက်ခွဲမှု (၂၀) ကျော်ကိုလည်း လုပ်ဆောင်ခဲ့သည်ဟု MDY-PDF က ကြေညာထားသည်။

You can treat me a cup of coffee.

wave

Press ESC to close