စစ်ကောင်စီ ပြောသမျှ သတင်းလုပ် ရေးပေးနေတဲ့ မီဒီယာများ

"သတင်းဌာနလုပ်ပြီး သတင်းကို ဘယ်လိုတွေ ရေးနေတာလဲ" ဆိုပြီး သတင်းနယ်ပယ်နဲ့ မရင်းနှီးသူတွေက သတင်းဌာနတချို့ရဲ့ ရေးသားချက်တွေကို ဝေဝေဝါးဝါးဖြစ်ကြပါတယ်။ သတင်းစာလို မဟုတ်ဘဲ Page တစ်ခုဖွင့် သတင်းဌာနလို့ ခေါင်းစဉ်တပ်လိုက်ပြီး ရေးချင်ရာရေးလို့ရနေတဲ့အချိန်မှာ သတင်းလိုလို၊ ဝါဒဖြန့်ချိရေးလိုလို၊ နှစ်ခုရောညှပ်ချနေတဲ့ မီဒီယာအယောင်ဆောင်တွေ အများကြီးပါပဲ။

တချို့ကတော့ အရင်ကတည်းက Mainstream ထဲ ရှိနေပြီးသား မီဒီယာတွေဖြစ်ပြီး တချို့ကတော့ ၂၀၁၅ နောက်ပိုင်း အပြိုင်းအရိုင်းပေါ်လာကြတဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေက ဦးဆောင်ပြီး ဖွင့်ထားတဲ့ မီဒီယာတွေဖြစ်ပါတယ်။ ဥပမာ Fifth Wave, People, Myanmar Hard Talk နဲ့ Golden Hand (ဘူးလက် လှဆွေ) တို့လို မီဒီယာတွေ ဖြစ်ပါတယ်။

Eleven, Popular နဲ့ VOM တို့ကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှ ပေါ်ပေါ်ထင်ထင် တပ်မတော်ဘက် ယိမ်းပြီး ရေးသားကြတဲ့ မီဒီယာတွေပါ။ ဒါတွေက မြင်သာအောင် ခွဲပြတာ ဖြစ်ပါတယ်။ ဒီထဲမှာ နဂိုကတည်းက အုတ်ရောရော ကျောက်ရောရော ဖြစ်သလို ရေးကြတဲ့ ပြည်မြန်မာ၊ သံမဏိနှင်းဆီတို့ကလည်း တစ်ဘာသာပါပဲ။

သတင်းတွေ တွေ့လို့ရှိရင် ဘယ်သတင်းဌာနကတော့ ဘာဖြစ်တယ်ဆိုတာ အလွယ်တကူ ခွဲခြားလို့ရရင် တော်ရုံကိစ္စကို အတွေးရှင်းသွားစေနိုင်မယ် မျှော်လင့်ရပါတယ်။ ဒီစာရင်းထဲ ပါတဲ့ သတင်းဌာနတွေဟာ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းပြောသမျှ အမှန်တစ်ဝက်၊ အမှားတစ်ဝက် ဝါဒဖြန့်ချိပေးနေတဲ့ မီဒီယာတွေပဲဖြစ်ပါတယ်။

ဒီလိုမီဒီယာပေါင်း စုစုပေါင်း ၂၆ ခုရှိပါတယ်။ Myanmar Now, Khit Thit အပါအဝင် မီဒီယာတွေ ပိတ်သိမ်းခံထားရပြီး သတင်းထောက်တွေ ဖမ်းဆီးခံထားရတာ၊ အကျဉ်းချခံထားရတာ၊ ထွက်ပြေးပုန်းရှောင်နေရချိန်မှာ ဒီမီဒီယာတိုက်တွေက သတင်းထောက်တွေကတော့ အလွယ်တကူပဲ ပေါ်ပေါ်ထင်ထင်နေကြပြီး ဇော်မင်းထွန်းကို အချိန်မရွေး အဘခင်ဗျ၊ အဘရှင့်လို့ မေးမြန်းနိုင်ကြပါတယ်။

တီးတိန်ဖြစ်ရပ်၊ ကြည့်မြင့်တိုင်ဖြစ်ရပ်၊ ဒီပဲယင်းဖြစ်ရပ်၊ မန္တလေးဖြစ်ရပ်၊ ထန်တလန်ဖြစ်ရပ်တွေ အပေါ်မှာ ဒီမီဒီယာတွေက ဘယ်လို ရေးသားတင်ဆက်ခဲ့သလဲဆိုတာ ပြန်လှန် ရှာဖွေ ဖတ်ကြည့်စေလိုပါတယ်။ သိသာမြင်သာပါလိမ့်မယ်။ 

ဒီနေ့ မီးရှို့သတ်ဖြတ်ခံရတဲ့ စစ်ကိုင်း ဆားလင်းကြီးက ဖြစ်ရပ်ကိုလည်း ဇော်မင်းထွန်းပြောသမျှ ဘယ်လိုဆက်ပြီး ရေးသားဝါဒဖြန့်ပြဦးမလဲ မသိနိုင်ပါဘူး။  

  1. First Five Online Media
  2. NHP News
  3. WHO News Agency
  4. Myanmar Hard Talk
  5. CNI News
  6. The Power News
  7. Myanmar National Post
  8. Eleven Media Group
  9. The River News
  10. Voice of Myanmar (VOM)
  11. Myanmar Citizen News
  12. Golden Hand Journal
  13. Popular News Journal
  14. People Media
  15. Skynet
  16. Yangon Times
  17. One News Channel
  18. NP News
  19. 97 Media
  20. မြန်မာသံတော်ဆင့်သတင်းဂျာနယ်
  21. မြန်မာလူထုမီဒီယာ
  22. YNI ရန်ကုန် သတင်းပုံရိပ် မီဒီယာ
  23. The Iron Rose Journal (သံမဏီနှင်းဆီ)
  24. စံတော်ချိန်
  25. ပဉ္စမလှိုင်း (The Fifth Wave)
  26. ပြည်မြန်မာ

You can treat me a cup of coffee.

wave

Press ESC to close