ဆေးဝါးကုမ္ပဏီများက Non-CDM ဆရာဝန်များကို ဆက်သွယ်ထောက်ပံ့နေ  

ဆေးဝါးရောင်းချသည့် နာမည်ကြီး ဆေးကုမ္ပဏီများသည် စစ်အစိုးရလက်အောက်တွင် ဖွင့်လှစ်ထားသည့် ဆေးရုံများရှိ ဆရာဝန်များထံ သွားရောက်၍ ၎င်းတို့၏ ဆေးများကို အသုံးပြုရန် ဆက်သွယ်ခြင်း၊ ဆေးဝါးထောက်ပံ့ခြင်းများ ပြုလုပ်နေသည်ဟု Mratt’s Channel က သတင်းရရှိသည်။

 

စစ်ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများရှိ Non-CDM ပြုလုပ်နေသည့် ဆရာဝန်များထံ ဆေးကုမ္ပဏီများက ၎င်းတို့၏ အရောင်း ဝန်ထမ်းများကို တိတ်တခိုး စေလွှတ်၍ ဆေးရောင်းချခြင်း၊ ဆေးဝါးထောက်ပံ့ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

 

သူတို့ (ကုမ္ပဏီ လူကြီးပိုင်း) တွေက အတင်းသွားခိုင်းတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် အရောင်း သတ်မှတ်ချက် မပြည့်ရင် ကုမ္ပဏီတွင်းမှာ ဖိအားပေးတယ်။ ဆိုတော့ မဖြစ်မနေသွားကြရတယ်ဟု သတင်းပေးလာသူက ဆိုသည်။

 

စစ်ကောင်စီ လက်အောက်မှ Non-CDM ဆရာဝန်များနှင့် တွေ့ဆုံရန် ကြိုးပမ်းနေသော ဆေးဝါးကုမ္ပဏီများကို မြန်မာနိုင်ငံဆေးလောကသားများက ပြင်းထန်စွာ ရှုံ့ချပြီး ထိုလုပ်ရပ်များကို ရပ်တန်းက ရပ်ရန်ဟုဆိုကာ ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားများ သမဂ္ဂတို့က မေလ ၂၇ ရက်က ကြေညာချက်ထုတ်၊ သတိပေးခဲ့ဖူးသည်။

 

ထို့ပြင် ယင်းသတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေလျှင် အများပြည်သူသိရှိစေရန် ထိုဆေးဝါးကုမ္ပဏီများနှင့် ဆေးပစ္စည်းများကို သပိတ်မှောက်ကာ Boycott List အနေနှင့် ကြေညာမည်ဟု သတိပေးခဲ့သည်။

 

အဲ့ဒီထုတ်ပြန်ချက်လည်း ထွက်လာရော သူတို့ (ဆေးကုမ္ပဏီ) တွေက သူတို့ဝန်ထမ်းတွေကို မသိသာအောင် သွားတွေ့ခိုင်းကြတယ်ဟု ဆိုပြီး တချို့လည်း ခိုးတွေ့ကြတယ်ဟု သတင်းပေးလာသူက ဆိုသည်။

 

ယင်းကဲ့သို့ Non-CDM ဆရာဝန်များနှင့် ဆက်သွယ်တွေ့ဆုံနေသည့် ဆေးကုမ္ပဏီများ၏ စာရင်းကို Mratt’s Channel က ရရှိထားပြီး နာမည်ကြီး ဆေးကုမ္ပဏီအချို့ ပါဝင်နေသည်ကို တွေ့ရသည်။

 

You can treat me a cup of coffee.

wave

Press ESC to close