မင်းအောင်လှိုင်၊ မိသားစုဝင်များနှင့် ၎င်းတို့ပိုင်ဆိုင်သည့် ကုမ္ပဏီများ

မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့ အထက (၁) လသာ ကနေ ဆယ်တန်းအောင်တယ်။ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေအဓိကနဲ့ တက်ခဲ့ပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ် (၁၇) နဲ့ (၁၈) ကို နှစ်နှစ်ဆက်တိုင် ဖြေပေမယ့် မပါခဲ့ဘဲ ဥပဒေ ဒုတိယနှစ် ရောက်ချိန်မှ အပတ်စဉ် (၁၉) ကို ဆက်ဖြေတာကနေ ရသွားခဲ့တာ ဖြစ်ပါတယ်။

သူ့ သူငယ်ချင်းတွေက သူ့ကို ကြောင်ချီးလို့ ခေါ်ကြတယ်။ ဗိုလ်သန်းရွှေဟာ ဗိုလ်သိန်းစိန်ကို သမ္မတပေးပြီး အရည်အချင်းမရှိတဲ့ မင်းအောင်လှိုင်ကို တပ်ချုပ်အဖြစ် ထားခဲ့တာကို စစ်တပ်က လူတိုင်း အံ့အားသင့်ခဲ့ကြပါတယ်။

မင်းအောင်လှိုင် ကျခဲ့တဲ့ နေရာတွေနဲ့ တာဝန်ယူခဲ့တဲ့ရာထူးများ

·      ခလရ (၈၆)

·      ခမရ (၃၆၉)

·      တပ်မ (၃၃) နည်းဗျူဟာမှူး

·      တပ်မ (၄၄) တပ်မမှူး

·      စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး

·      တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး

·      အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး

·      ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)

·      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

မင်းအောင်လှိုင် အဖေက ဦးသောင်းလှိုင်အစိုးရအမှုထမ်း အင်ဂျင်နီယာလို့ သိရပါတယ်။ သူ့ဇာတိက ထားဝယ်လို့ ပြောပေမယ့် ထားဝယ်လူမျိုးလို့ ယနေ့ထိ အတည်ပြုပေးနိုင်သူ မရှိပါ။ ဇနီးဖြစ်တဲ့ ကြူကြူလှကတော့ မိဘတွေက ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ် ဇီးကျွန်းရွာ ဇာတိပါ။ မင်းအောင်လှိုင်နဲ့ ကြူကြူလှတို့မှာ ခင်သီရိသက်မွန်ရယ် အောင်ပြည့်စုံရယ်ဆိုပြီး သားသမီးနှစ်ယောက် ရှိတယ်။

 

ကြူကြူလှ

 

ကြူကြူလှ ၁၂/စ-စမ်းချာင်း-(နိုင်)၀၂၀၁၅၁ ကို ဧပြီ ၁၃၊ ၁၉၅၄ မှာ မွေးခဲ့တယ်။ မိဘတွေက ဦးမောင်မောင်လှနဲ့ ဒေါ်အုန်းလှတို့ ဖြစ်တယ်။ နှစ်ယောက်စလုံး ဆုံးရှာပါပြီ။ ဦးမောင်မောင်လှက ၂၀၁၅ နိုဝင်ဘာ ၂၆ မှာဆုံးတယ်။ ဒေါ်အုန်းလှက ၂၀၁၄ ဇွန် ၁၇ မှာ ဆုံးတယ်။ ကြူကြူလှမှာ ဆွေဆွေလှ၊ စိုးစိုးလှ၊ ဝေဝေလှ၊ သန့်ဇော် နဲ့ ကြည်လင် ဆိုတဲ့ မွေးချင်းတွေ ရှိတယ်။

 

ကြည်လင်ကတော့ မရှိတော့ပါဘူး။ ဆွေဆွေလှက သူ့ညီမ ကြူကြူလှတို့ မိသားစုနဲ့ အတူနေတယ်လို့ ယူဆရပါတယ်။ ကြူကြူလှဟာ အထက(၂) စမ်းချောင်း ကျောင်းထွက် ဖြစ်ပါတယ်။ ကြူကြူလှ မြန်မာစာ စတုတ္ထနှစ် တက်နေချိန်မှာ ဥပဒေ ဒုတိယနှစ်တက်နေတဲ့ မင်းအောင်လှိုင်နဲ့ စတွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကြူကြူလှက မင်းအောင်လှိုင်ထက် ၂ နှစ် ကြီးပါတယ်။

 

အတွင်းလူတွေ ပြောစကားအရ ဝဏ္ဏမောင်လွင် မိန်းမ လင်းလင်းတင်ဟာ ကြူကြူလှနဲ့ ညီအစ်မ ဝမ်းကွဲ တော်တယ်လို့ ဆိုကြပါတယ်နီးစပ်တာက ကြူကြူလှဟာ သံတွဲ - ဇီးကျွန်းရွာဇာတိ ဖြစ်ပြီး၊ လင်းလင်းတင်ကတော့ သံတွဲ - ကျိန္တလီဇာတိ ဖြစ်နေတယ်။ လင်းလင်းတင် အဖေက တို့ဗမာ အစည်းအရုံးဝင် လက်သီးပုန်း သခင်ဗတင် ဖြစ်ပါတယ်။

 

မယားညီအစ်ကို (ဝမ်းကွဲ) ဝဏ္ဏမောင်လွင်ကို မင်းအောင်လှိုင်က အာဏာသိမ်းပြီး ပြန်ပွဲထုတ်လာတာက ဒီကိစ္စကြောင့်ပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲကော်မရှင်နဲ့ ရလာဒ်ကို ရမယ်ရှာပြီး ဆန္ဒပြပွဲတွေကို နောက်ကွယ်က စီစဉ်ခဲ့တဲ့ ရဲချုပ်ဟောင်း ခင်ရီ ကိုတောင်မှ မင်းအောင်လှိုင်က ဘေးထိုးထားခဲ့တာ သက်သေပါပဲ။

 

မင်းအောင်လှိုင်တို့ မိသားစုနဲ့ နီးနီးကပ်ကပ် ပတ်သက်ခဲ့သူတွေ ပြောစကားအရကတော့ ကြူကြူလှဟာ မင်းအောင်လှိုင်ထက် အသက်ကြီးသူပီပီ ဟိုးရည်းစား ဘဝထဲက မင်းအောင်လှိုင်ကို နိုင်တယ်လို့ ဆိုပါတယ်။ မင်းအောင်လှိုင်ဟာ ကြူကြူလှကို အင်မတန် ကြောက်ရတယ်လို့ နီးစပ်သူတွေက ဆိုကြတယ်

 

ခင်သီရိသက်မွန်

 

ခင်သီရိသက်မွန်ကို ဒီဇင်ဘာ ၅၊ ၁၉၈၁ မှာ မွေးခဲ့တယ်။ ၁၂/မဘန - မှော်ဘီ - (နိုင်) ၀၉၃၆၅၆ မှတ်ပုံတင်ကို ကိုင်ထားပါတယ်။ ဓနု (Sagittarius) ရာသီဖွား၊ တရုတ်လိုဆို ကြက်နှစ်မှာ မွေးပါတယ်။ သူဟာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တယ်လို့ သိရတယ်။ ကမာရွတ်တီတီစီ ကျောင်းသားဟောင်း ပွဲတော်အုပ်အဖွဲ့က လင်းမြင့်ဖွယ်ကို ကြိုက်ပြီး ညားတယ်။

 

ဧကရီလင်းသက်လှိုင် (ခ) အိပိုး နဲ့ မေဘရဏီလင်းသက်လှိုင် လို့ခေါ်တဲ့ သမီးနှစ်ယောက်ရအပြီး သူတို့ ကွဲပါတယ်။ ကိုဖွယ်လို့ ခေါ်ကြတဲ့ လင်းမြင့်ဖွယ်ဟာ အရင်ကတည်းက အနုပညာလောက ဂီတလောကနဲ့ ဆက်နွယ်သူတစ်ယောက် ဖြစ်တယ်။

 

အောင်ပြည့်စုံ

 

အောင်ပြည့်စုံနဲ့ မျိုးရတနာထိုက်တို့က နိုဝင်ဘာ ၈၊ ၂၀၁၂ ခုနှစ်မှာ လက်ထပ်လက်မှတ်ထိုးတယ်။ အဲဒီအချိန် ရန်ကုန်တိုင်း တိုင်းမှူးလုပ်နေတဲ့ ဗိုလ်ချုပ်ဆန်းဦးနဲ့ အဲဒီအချိန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလုပ်နေတဲ့ ရွှေမန်းရဲ့သား တိုးနိုင်မန်းက အသိသက်သေ လုပ်ပေးတယ်။ လက်ထပ်ပွဲကိုတော့ စစ်ရုံးထဲက ဇေယျာသီရိဗိမာန်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအချိန်အထိ မင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူး ရယူထားပေမယ့် သူ့စီနီယာတွေဖြစ်တဲ့ သိန်းစိန်နဲ့ ရွှေမန်းကို မလှန်နိုင်သေးပါဘူး။

 

မျိုးရတနာထိုက် မိဘတွေက ဦးမျိုးမြင့်နဲ့ ဒေါ်ခင်နွဲ့ရီ။ ဦးမျိုးမြင့်ဟာ လဝက အရာရှိဟောင်း တစ်ယောက်ဖြစ်တယ်။ ဒေါ်ခင်နွဲ့ရီကတော့ မျိုးရတနာထိုက် မင်္ဂလာမဆောင်ခင် ၃ လလောက်မှာ ဆုံးပါတယ်။ စစ်ဆေးရုံမှာ ဆုံးတာပါ။ မျိုးရတနာထိုက်က အငယ်ဆုံးသမီးဖြစ်ပြီး သူ့အထက်မှာ ဒေါ်ပန်းရွှေကြာမျိုး၊ ဦးနေကိုကိုမျိုး၊ ဦးအောင်မောင်မောင်မျိုး ဆိုပြီး မွေးချင်းတွေ ရှိပါသေးတယ်။ ဦးနေကိုကိုမျိုး ကွယ်လွန်သွားတာတော့ ကြာပါပြီ။

 

သဒ္ဓမ္မပါလ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ဟာ မင်းအောင်လှိုင်တို့ မိသားစု အမြဲအလှူလုပ် လှူဒါန်းရာနေရာ ဖြစ်ပါတယ်။

 

ဇင်ဇင်လှိုင်

 

ဇင်ဇင်လှိုင် ၁၃/တကန - တောင်ကြီး - (နိုင်) ၀၄၄၇၅၂ ဟာ မင်းအောင်လှိုင်ရဲ့ အစ်မဖြစ်ပါတယ်။ သူ့ယောက်ျားက အငြိမ်းစား ဗိုလ်မှူးကြီးသန်းမြင့်။ ရည်မွန်စုလှိုင်နဲ့ ဟေမာန်စုလှိုင်ဆိုပြီး သမီးနှစ်ယောက်ရှိတယ်။ ရည်မွန်စုလှိုင်က မန္တလေးကွန်ပျူတာတက္ကသိုလ်ကနေ ကျောင်းပြီးလို့ ထိုင်းနိုင်ငံက Assumption University ကနေ M.S.I.T မာစတာဘွဲ့ရတယ်။ ဒုဗိုလ်မှူးကြီး တင်မောင်ဝင်း(ငြိမ်း) နဲ့ မီမီခင်တို့ရဲ့သား ပြည့်စုံမောင်နဲ့ လက်ထပ်တယ်။

 

ပြည့်စုံမောင်ကလည်း မန္တလေးကွန်ပျူတာတက္ကသိုလ်ကပါပဲ။ သူတို့မင်္ဂလာပွဲကိုတော့ Traders Hotel မှာ ကျင်းပခဲ့တယ်။ ပြည့်စုံမောင်နဲ့ ရည်မွန်စုလှိုင်တို့မှာ ငုံငုံလို့ခေါ်တဲ့ သမီးတစ်ယောက်ရှိတယ်။ ပြည့်စုံမောင်မှာ သုတမောင်ဆိုတဲ့ ညီတစ်ယောက်လည်း ရှိပါသေးတယ်။ သုတမောင်က ပြည့်မျိုးမော်နဲ့ လက်ထပ်ပြီး မင်းမခ ဆိုတဲ့ သားလေးတစ်ယောက် ရှိတယ်။ ရည်မွန်စုလှိုင်ဟာ မင်းအောင်လှိုင်တို့ ဆွေမျိုးတွေထဲမှာ အငြိမ်ဆုံးလို့ ပြောလို့ရပါတယ်။

 

ဟေမာန်ဆုလှိုင်ကတော့ သာမန်အချိန်မှာ စိတ်သဘောကောင်းသူ တစ်ယောက်ပါ။ ဒါပေမယ့် အာဏာရှင် ပိုက်ဆံရှိ မိသားစု အသိုင်းအဝိုင်းက လာသူပီပီ အာဏာသိမ်းချိန်မှာ ပြည်သူလူထုကို ပျစ်ပျစ်နှစ်နှစ် ပြောလို့ လူသိများလာသူပါ။ ဟေမာန်ဆုလှိုင်က ဟိန်းထက်အောင်နဲ့ အိမ်ထောင်ပြုတယ်။

 

ဟိန်းထက်အောင် အဖေက အရင် ရေတပ်က ဗိုလ်မှူးကြီးဟောင်း နောက်ပိုင်း ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးလို့ ဆိုကြတယ်။ သူ့ကို သူငယ်ချင်းတွေက ဂျော်ကယ်လို့ ခေါ်ကြပါတယ်။ ဟိန်းထက်အောင်ဟာ သမိုင်းတရားခံ မိသားစုဝင် တစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပေမယ့် ဆိုးသွမ်းသောင်းကျန်းတဲ့ အထဲ မပါပါဘူး။ သူစိတ်ဝင်စားတာ ဘောကန်၊ ဖဲရိုက်၊ အပျော်အပါးလိုက်စား လုပ်ရင်းပဲ ပိုက်ဆံဖြုန်းလေ့ ရှိတယ်လို့ သူနဲ့ ရင်းနှီးသူတွေက ပြောကြတယ်။

 

မင်းအောင်လှိုင်မိသားစုကို ဇယားချကြည့်ရင်...

 

သားသမီးများ

·      ခင်သီရိသက်မွန် + ဦးလင်းမြင့်ဖွယ်

·      အောင်ပြည့်စုံ + ဒေါ်မျိုးရတနာထိုက်

မင်းအောင်လှိုင်မွေးချင်းများ

·      ဒေါ်ဇင်ဇင်လှိုင် + ဗိုလ်မှူးကြီးသန်းမြင့် (ငြိမ်း)

ကြူကြူလှမွေးချင်းများ

·      ဒေါ်ဆွေဆွေလှ

·      ဒေါ်စိုးစိုးလှ

·      ဒေါ်ဝေဝေလှ

·      ဦးသန့်ဇော်

·      ဦးကြည်လင်

တူ/တူမများ၊ မိသားစုများနှင့် ၎င်းတို့နှင့် ဆက်စပ်နေသည့် ကုမ္ပဏီများ 

Min Ta Yar Gyi Company Limited

Myanmar Sit Thu Gyi Co Ltd

Challenger Company Limited

Sky One Construction Company Limited

Myanmar Empire Company Limited

True Golf Solutions Company Limited

Winning Star Company Limited

Shwe Minn Yan Company Limited

Apower Company Limited (A Power Energy)

Minn Pyae Tagon Industrial Company Limited

Bhone Myat Pyae Sone Trading Company Limited

Nyein Chan Pyae Sone Manufacturing & Trading Company Limited

Attractive Myanmar Company Limited

Photo City Company Limited

A & M Mahar Company Limited

Stellar Seven Company Limited

Pinnacle Asia Company Limited

Technology Training Services Limited

Myanmar Payment Solution Services Company Limited

Ed Tech Myanmar Company Limited

Good Family Company Limited

Golden Seahorse Maritime & Logistic Services Company Limited

Royal Luxury Group International Company Limited

Triumph Myanmar Industrial Company Limited

Etc……

You can treat me a cup of coffee.

wave

Press ESC to close