မင်းအောင်လှိုင် မနက်ဖြန် ည ၁၁ နာရီတွင် ပြန်ရောက်မည်

ရုရှားသို့ သွားရောက်နေသည့် အာဏာလုစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် မနက်ဖြန် (ဇွန် ၂၇) မြန်မာစံတော်ချိန် ည ၁၁ နာရီခန့်အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်မည်ဖြစ်သည်ဟု လေကြောင်းလိုင်းနှင့် တည်းခိုရာအချက်အလက်များအရ သိရသည်။

 

မင်းအောင်လှိုင်၏ ရုရှနိုင်ငံခရီးစဉ် နောက်ဆုံးအပိုင်းဖြစ်သည့် Novosibirsk မြို့ သို့ သွားရောက်မည်ဖြစ်သည်။ ယင်းမြို့က Tolmachevo (OVB) လေဆိပ်ကို ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ရောက်ရှိ၊ ညအိပ်ရပ်နားမည်ဖြစ်သည်။

 

ယခု ခရီးစဉ်တွင် မြန်မာအင်တာနေရှင်နယ် လေယဉ်အမှုထမ်း ၁၅ ဦး လိုက်ပါလာပြီး အများစုမှာ လေကြောင်းလိုင်းတွင် တွဲဖက်တာဝန်ယူထားသည့် စစ်တပ်အရာရှိများ ဖြစ်သည်။

 

ရုရှားနိုင်ငံ မော်စကိုမြို့ ကြယ်ငါးပွင့်ဟော်တယ် Swissokel တွင် တည်ခိုခဲ့သည့် ဧည့်သည်စာရင်းအရ မင်းအောင်လှိုင်နှင့်အတူ လိုက်ပါလာသူများတွင် ဒုဗိုလ်မှူးကြီး သက်အောင်၊ တွဲဖက်လေယဉ်မှူး ဗိုလ်မှူး အောင်ငြိမ်းချမ်း၊ အင်ဂျင်နီယာချုပ် ဗိုလ်မှူး ကျော်လင်း၊ တွဲဖက် အင်ဂျင်နီယာချုပ် ဗိုလ်မှူး ငြိမ်းချမ်းအောင် တို့ ပါဝင်သည်။

You can treat me a cup of coffee.

wave

Press ESC to close