စစ်ကောင်စီ ဟိုတယ်ခရီးဝန်ကြီး ယာဉ်တန်း ချောင်းသာမှ အပြန် တိုက်ခိုက်ခံရ

စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးဌေးအောင် ဦးဆောင်လာသည့် ယာဉ်တန်း ယနေ့ ချောင်းသာ ခရီးသွားရာသီဖွင့်ပွဲမှ အပြန် တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

 

ပုသိမ်မြို့နယ် ခြောက်ကောင် ကျေးရွာအနီး အမည်မသိရသေးသည့် အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့သည်ဟု သိရပြီး ဝန်ကြီးဦးဌေးအောင် ထိခိုက်မှု မရှိဟု လတ်တလော သိရှိထားသည်။

 

"အခု အခြေအနေက ဟိုကောင်တွေ (စစ်ကောင်စီ စစ်သား) က တောနင်းရှာနေတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

 

လက်ရှိအခြေအနေအရ ရှောပြာကျေးရွာမှ ခြင်းခတ်၍ပြန်လာသည့် လူငယ် ၁၀ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။ တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကား ၆ စီးခန့် လူမပါဘဲ ပုသိမ်မြို့ထဲ ပြန်ဝင်လာသည်ဟု ဒေသခံက ဆိုသည်။

 

ဝန်ကြီးဦးဌေးအောင်နှင့် အဖွဲ့သည် ပုသိမ်၊ ချောင်းသာကမ်းခြေ Azura Hotel ရှေ့တွင် ပြုလုပ်သည့် ခရီးသွားရာသီဖွင့်ပွဲသို့ နံနက်ပိုင်းက တက်ရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း​ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းလည်း ဖွင့်ပွဲကို တက်ရောက်ခဲ့သည်။

 

You can treat me a cup of coffee.

wave

Press ESC to close