ဒေါက်တာ ဇော်ဝေစိုးနှင့် ပတ်သက်သည်ဟု ယူဆရသူများကို စစ်ကောင်စီ လိုက်ဖမ်းနေ

CRPH ၏ ခတ္တပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သည့် အရိုးအကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာဇော်ဝေစိုးကို ဖမ်းမရ၍ ၎င်းနှင့်ရင်းနှီးသူ တပည့် ဆရာဝန်များကို လိုက်လံဖမ်းနေသည်ဟု သတင်းရရှိသည်။

 

ဖေဖော်ဝါရီ ဒုတိယပတ်ကတည်းက ဒေါက်တာဇော်ဝေစိုးကို ဖမ်းဝရမ်း ထုတ်ထားခဲ့ပြီး ကြားကာလများတွင် ဖမ်းဆီးမိပြီဟု သတင်းမှားများ အမြောက်အများထွက်ပေါ်ခဲ့ဖူးသေးသည်။ သို့သည် ဒေါက်တာဇော်ဝေစိုးမှာ လွတ်မြောက်နေဆဲပင် ဖြစ်သည်။

 

ယင်းအတွက်ကြောင့် ၎င်းနှင့်နီးစပ်သူ တပည့်များနှင့် လုပ်ဖော်ကိုင်ဖက်များကို လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်ဟု သတင်းပေးလာသူကဆိုသည်။ ပထမဆုံး ဖမ်းဆီးခံရသူမှာ ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ကျော်မင်းစိုးဖြစ်သည်။

 

၎င်းကို ပြီးခဲ့သည့် တပတ်အတွင်းက ဖမ်းဆီးသွားသည်ဟု သိရှိရပြီး ဒုတိယမြောက် တစ်ဦးမှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ပါမောက္ခ ဒေါက်တာ မော်မော်ဦးဖြစ်ပြီး ယမန်နေ့ (ဧပြီ ၁၂) ရက်နေ့က ရန်ကုန်ဆေးရုံကြီးတွင် ရှိနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်းဖြစ်သည်။​

 

You can treat me a cup of coffee.

wave

Press ESC to close